၁ ရာ 22:19Common Language Bibleရှောလုသည်ယဇ်ပုရောဟိတ်မြို့တည်းဟူ သောနောဗမြို့တွင်နေထိုင်သည့် ယောကျာ်း၊ မိန်းမ၊ ကလေးသူငယ်၊ နို့စို့အရွယ်မှစ၍လူအပေါင်း တို့ကိုလည်းကောင်း၊ နွား၊ မြည်း၊ သိုးတို့ကိုလည်း ကောင်းသတ်စေတော်မူ၏။ အခန်းကိုကြည့်ပါ။ |
``ဤသူငယ်တို့အဘယ်သို့ကြွေးကြော်နေကြ သည်ကိုကြားပါသလော'' ဟုကိုယ်တော်အား မေးလျှောက်ကြ၏။ သခင်ယေရှုက ``ငါကြား၏။ `ကိုယ်တော်သည် သူငယ်များနှင့်မိခင်ရင်ခွင်ရှိနို့စို့များအား ချီးမွမ်းစေရန်သင်ကြားပေးတော်မူပြီ' ဟူ သောကျမ်းစကားကိုသင်တို့အဘယ်အခါ မျှမဖတ်ဖူးကြပါသလော'' ဟုမိန့်တော်မူ၏။
သင်သည်အာမလက်အမျိုးသားတို့အားသွား ရောက်တိုက်ခိုက်လော့။ သူတို့၏ပစ္စည်းဥစ္စာရှိ သမျှကိုဖျက်ဆီးပစ်ရမည်။ တစ်စုံတစ်ခု မျှမကျန်စေနှင့်။ ရှိသမျှယောကျာ်း၊ မိန်းမ၊ ကလေးသူငယ်၊ နို့စို့များအပြင်ရှိသမျှ သိုး၊ နွား၊ ကုလားအုတ်၊ မြည်းများကိုသုတ် သင်ဖျက်ဆီးပစ်လော့'' ဟုဆို၏။-
သို့ရာတွင်ရှောလုနှင့်သူ၏တပ်သားတို့သည် အာဂတ်ကို အသက်ချမ်းသာပေး၍အဆူဖြိုး ဆုံးသောသိုးနွားများ၊ အလှဆုံးသောနွား သူငယ်သိုးသူငယ်များနှင့် ကောင်းမွန်သည့် အရာရှိသမျှတို့ကိုမဖျက်မဆီးကြ။ အသုံးမဝင်သောအရာ၊ တန်ဖိုးမရှိသော အရာများကိုသာလျှင်ဖျက်ဆီးပစ်ကြ လေသည်။