သို့ဖြစ်၍ရှောလုမင်းသည်နောဗမြို့နေ ယဇ်ပုရောဟိတ်များဖြစ်သော အဟိမလက် နှင့်သူ၏ဆွေမျိုးအပေါင်းတို့အားဆင့် ခေါ်သဖြင့်သူတို့သည်အထံတော်သို့ လာကြ၏။-
သူတို့သည်လူ့အသက်ကိုသတ်ရန်လက်မနှေး ကြ။
ဒါဝိဒ်သည်ယဇ်ပုရောဟိတ်အဟိမလက်ရှိ ရာ နောဗမြို့သို့သွား၏။ အဟိမလက်သည် ကြောက်လန့်တုန်လှုပ်လျက် ဒါဝိဒ်အားလာ ရောက်တွေ့ဆုံပြီးလျှင်``သင်သည်အဘယ် ကြောင့်တစ်ကိုယ်တည်းဤအရပ်သို့လာ ပါသနည်း'' ဟုမေး၏။
အဟိမလက်သည်ဒါဝိဒ်အတွက်ထာဝရ ဘုရားထံတွင်စုံစမ်းလျှောက်ထားပြီးလျှင် အစားအစာကိုလည်းကောင်း၊ ဖိလိတ္တိအမျိုး သားဂေါလျတ်၏ဋ္ဌားကိုလည်းကောင်းပေး အပ်လိုက်ပါ၏'' ဟုလျှောက်လေ၏။
ရှောလုကအဟိမလက်အား``အချင်း အဟိမလက်နားထောင်လော့'' ဟုဆိုလျှင်၊ အဟိမလက်က``အမိန့်တော်ကိုနာခံလျက် ပါ'' ဟုဆို၏။