Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 21:5

Common Language Bible

ဒါ​ဝိဒ်​က``အ​ကျွန်ုပ်​၏​ငယ်​သား​တို့​သည်​ကာ​မ ရာ​ဂ​စပ်​ယှက်​မှု​နှင့်​ကင်း​လွတ်​ကြ​ပါ​၏။ သူ​တို့ သည်​သာ​မန်​ကိစ္စ​နှင့်​ခ​ရီး​ထွက်​သည့်​အ​ခါ​၌ ပင်​လျှင် ဘာ​သာ​ရေး​ကျင့်​ဝတ်​အ​ရ​သန့်​စင်​မှု ရှိ​အောင်​နေ​ထိုင်​ကြ​သည်​ဖြစ်​၍ ယ​ခု​ကဲ့​သို့ အ​ထူး​ကိစ္စ​နှင့်​ခ​ရီး​ထွက်​ချိန်​၌​ပို​၍​သန့် စင်​အောင်​နေ​ကြ​ပါ​သည်'' ဟု​ပြော​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​မော​ရှေ​သည်​တောင်​ပေါ်​မှ​ဆင်း​လာ ၍ လူ​တို့​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​ပြင်​ဆင် စေ​၏။ ထို​ကြောင့်​သူ​တို့​သည်​အ​ဝတ်​များ ကို​ဖွပ်​လျှော်​ကြ​၏။-

မော​ရှေ​က​သူ​တို့​အား``တ​တိ​ယ​နေ့​တွင် အ​သင့်​ရှိ​စေ​ကြ​လော့။ ဤ​အ​တော​အ​တွင်း မ​ယား​နှင့်​မ​ဆက်​ဆံ​ကြ​နှင့်'' ဟု​ပြော ကြား​လေ​၏။

ပ​ဋိ​ညာဉ်​သေတ္တာ​၏​အ​ရှေ့​တွင်​စား​ပွဲ​ကို​ထား ရ​မည်။ ထို​စား​ပွဲ​ပေါ်​မှာ​ရှေ့​တော်​တင်​မုန့်​အမြဲ ရှိ​စေ​ရ​မည်။

ဤ​ကား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထာ​ဝ​စဉ် ဆောင်​ရွက်​ရ​မည့်​တာ​ဝန်​ဖြစ်​သည်။ ဤ​မုန့်​များ သည်​အာ​ရုန်​နှင့်​သူ​၏​သား​မြေး​များ​စား​ရန် အ​တွက်​ဖြစ်​သည်။ ယဇ်​ပု​ရော​ဟိတ်​များ​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သ​သော​မုန့်​ဖြစ်​ခြင်း ကြောင့်​အ​လွန်​သန့်​ရှင်း​သ​ဖြင့်​သူ​တို့​သည်​ဤ မုန့်​ကို​သန့်​ရှင်း​သော​ဌာ​န​တော်​၌​စား​ရ​ကြ မည်။

ထို့​နောက်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ဆက် ကပ်​ထား​သော​တ​ဆေး​မဲ့​မုန့်​တောင်း​ထဲ​မှ​မုန့်၊ ဆီ​နှင့်​လုပ်​သော​မုန့်၊ မုန့်​ကြွပ်​တို့​ကို​တစ်​ခု စီ​ယူ​၍​သိုး​အ​ဆီ​နှင့်​လက်​ယာ​ပေါင်​အ​ပေါ် တွင်​တင်​သည်။-

သို့​ရာ​တွင်​သ​ခင်​ဘု​ရား​က ``သွား​လော့။ ဤ သူ​ကား​လူ​မျိုး​ခြား​များ၊ ရှင်​ဘု​ရင်​များ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​၏​အ​ကြောင်း ကို​ဟော​ပြော​ကြေ​ညာ​ရန်​ငါ​ရွေး​ချယ်​ထား သူ​ဖြစ်​၏။-

သင်​တို့​သည်​ဆု​တောင်း​ပတ္ထ​နာ​အ​တွက်​အ​ချိန် ပေး​ရန် ကြို​တင်​သ​ဘော​တူ​ညီ​ချက်​အ​ရ​ခေတ္တ ဆိုင်း​ငံ့​ခြင်း​မှ​တစ်​ပါး မိ​မိ​တို့​၏​လင်​မ​ယား ဝတ်​များ​ကို​မ​ပျက်​မ​ကွက်​ကြ​စေ​နှင့်။ ဆု​တောင်း ပတ္ထ​နာ​ပြု​ချိန်​ကုန်​ဆုံး​သော​အ​ခါ​၌​မူ ပြန် လည်​ပေါင်း​သင်း​၍​နေ​ကြ​လော့။ သို့​မှ​သာ​လျှင် မိ​မိ​တို့​၏​စိတ်​ကို​ချုပ်​တည်း​နိုင်​လျက် စာ​တန် သွေး​ဆောင်​ခြင်း​ကို​ခံ​နိုင်​ကြ​လိမ့်​မည်။

သု​စ​ရိုက်​ကို​ပြု​သ​ဖြင့်​ဆင်း​ရဲ​ဒုက္ခ​ရောက်​ခြင်း သည်​ဘု​ရား​သ​ခင်​၏​အလို​တော်​အ​ရ​ဖြစ်​လျှင် ယင်း​သည်​ဒု​စ​ရိုက်​ကို​ပြု​ခြင်း​ထက်​ပို​၍ ကောင်း​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ