နောက်တစ်နေ့နံနက်၌ယောနသန်သည်ယခင် ကချိန်းဆိုထားသည့်အတိုင်း ဒါဝိဒ်နှင့်တွေ့ဆုံ ရန်ကွင်းထဲသို့သွား၏။ မိမိနှင့်အတူသူငယ် တစ်ယောက်ကိုလည်းခေါ်ဆောင်သွားကာ၊-
အာမသသည်ယုဒပြည်သူတို့ကိုခေါ်ယူ ရန်ထွက်ခွာသွားသော်လည်း မင်းကြီးချိန်းဆို သည့်အချိန်၌ပြန်လည်၍ရောက်မလာချေ။-
သန်ဘက်ခါ၌လည်းယင်းသို့ပင်သင်မရှိ ကြောင်းတွေ့ရှိကြလိမ့်မည်။ သို့ဖြစ်၍ယခင်က သင်ပုန်းအောင်းနေခဲ့ဖူးသည့်အရပ်သို့သွား ၍ကျောက်ပုံ နောက်တွင်ပုန်းကွယ်လျက်နေလော့။-
သူသည်ဒေါသဖြစ်လျက်စားပွဲမှထသွား ပြီးလျှင် လဆန်းပွဲတော်ဒုတိယနေ့တစ်နေ့ လုံးမည်သည့်အစားအစာကိုမျှမစားဘဲ နေ၏။ သူသည်ဒါဝိဒ်အားရှောလုအသရေ ဖျက်သည့်အတွက်များစွာစိတ်မချမ်း မသာဖြစ်၏။-
ထိုသူငယ်အား``ယခုပင်ငါပစ်လွှတ်လိုက်မည့် မြားကိုပြေး၍ရှာလော့'' ဟုဆို၏။ ထိုသူငယ် ပြေးလေလျှင်ယောနသန်သည်သူ့ကိုလွန် အောင်မြားတစ်စင်းကိုပစ်လွှတ်၏။-