Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 20:30

Common Language Bible

ရှော​လု​သည်​ယော​န​သန်​အား​ပြင်း​စွာ​အ​မျက် ထွက်​သ​ဖြင့်``တ​ရား​မ​ဝင်​သော​သား၊ သင်​သည် ဒါ​ဝိဒ်​ဘက်​သား​ဖြစ်​ကြောင်း​ယ​ခု​ငါ​သိ​ပြီ။ သင်​သည်​ကိုယ့်​ကိုယ်​ကို​လည်း​ကောင်း၊ ကိုယ့် မိ​ခင်​ကို​လည်း​ကောင်း​အ​သ​ရေ​ယုတ်​စေ လေ​ပြီ​တ​ကား။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ဒေါသသည် လူမိုက်ကိုဖျက်ဆီးတတ်၏။ ပညာမရှိသော သူသည်လည်းငြူစူသောသဘောအားဖြင့် သေခြင်းသို့ ရောက်တတ်၏။

စိတ်ရှည်သောသူသည် ပညာကြီး၏။ စိတ်တို သောသူမူကား၊ အထူးသဖြင့် မိုက်ပေ၏။

ပညာရှိသော သူ၏လျှာသည် ပညာအတတ်ကို တင့်တယ်စေတတ်၏။ မိုက်သောသူတို့၏ နှုတ်မူကား၊ မိုက်သောအရာကို သွန်းလောင်းတတ်၏။

ရှင်ဘုရင်၏အမျက်တော်သည် ခြင်္သေ့ဟောက် သကဲ့သို့ဖြစ်၏။ ကျေးဇူးတော်မူကား၊ မြက်ပေါ်မှာ ကျသော နှင်းရည်ကဲ့သို့ ဖြစ်၏။

ဒေါသအမျက်ကြီးသောသူသည် အပြစ်ဒဏ်ကို ခံရလိမ့်မည်။ သူ့ကိုကယ်နှုတ်လျှင် အဖန်ဖန်ကယ်နှုတ် ရမည်။

ပြင်းစွာသော ဒေါသအမျက်၌ ကျင်လည်သော သူကို၊ ထောင်လွှားစော်ကားသောသူ၊ မထီမဲ့မြင်ပြုသော သူဟူ၍ သမုတ်အပ်၏။

ကျောက်နှင့်သဲသည်လေး၏။ မိုက်သောသူ၏ ဒေါသသည် ထိုနှစ်ပါးထက် သာ၍လေး၏။

သို့​ရာ​တွင်​မိ​မိ​၏​ညီ​အစ်​ကို​အား​အ​မျက် ထွက်​သော​သူ​သည် တ​ရား​သူ​ကြီး​၏​ရှေ့​မှောက် သို့​ရောက်​ရ​မည်​ဟု​သင်​တို့​အား​ငါ​ဆို​၏။ အ​ချင်း ချင်း​ဆဲ​ရေး​တိုင်း​ထွာ​သူ​သည်​တ​ရား​ရုံး​တော် တွင်​အ​ပြစ်​ပေး​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ ညီ​အစ်​ကို အ​ချင်း​ချင်း​မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည်​င​ရဲ သို့​လား​ရ​လိမ့်​မည်။-

ထို့​ကြောင့်​နာ​ကြည်း​ခြင်း၊ စိတ်​ဆိုး​ခြင်း၊ အ​မျက် ထွက်​ခြင်း၊ အော်​ဟစ်​ငေါက်​ငမ်း​ခြင်း၊ သူ​တစ်​ပါး အ​သ​ရေ​ဖျက်​ခြင်း၊ ခပ်​သိမ်း​သော​မုန်း​တီး​ခြင်း တို့​ကို​ပယ်​ရှား​ကြ​လော့။-

မိ​ဘ​တို့၊ သား​သ​မီး​များ​ကို​စိတ်​ဆိုး​စေ​ရန်​မ​ပြု ကြ​နှင့်။ သို့​ရာ​တွင်​သူ​တို့​အား​သ​ခင်​ဘု​ရား​၏ အ​လို​တော်​နှင့်​အ​ညီ​သွန်​သင်​ဆုံး​မ​ကြ​လော့။

ထို​မြို့​တွင်​အ​ကျွန်ုပ်​၏​ဆွေ​မျိုး​သား​ချင်း တို့​သည်​ယဇ်​ပူ​ဇော်​ပွဲ​ကျင်း​ပ​လျက်​နေ​ကြ သ​ဖြင့် အစ်​ကို​က​လည်း​အ​ကျွန်ုပ်​အား​လာ ရ​မည်​ဟု​ဆို​ပါ​သည်။ သင်​သည်​အ​ကျွန်ုပ်​ကို ခင်​မင်​ပါ​က​အ​ကျွန်ုပ်​အား​ညီ​အစ်​ကို​တို့ ကို​တွေ့​ရန်​သွား​ခွင့်​ပြု​ပါ​ဟု​ပန်​ကြား​ပါ​၏။ ထို့​ကြောင့်​သူ​သည်​အ​ရှင်​၏​စား​ပွဲ​တော် တွင်​မ​ရှိ​ခြင်း​ဖြစ်​ပါ​သည်'' ဟု​ပြန်​ကြား လျှောက်​ထား​၏။

ဒါ​ဝိဒ်​အ​သက်​ရှင်​နေ​သ​မျှ​ကာ​လ​ပတ်​လုံး သင်​သည်​ဤ​တိုင်း​ပြည်​တွင်​အ​ဘယ်​အ​ခါ​၌ မျှ​ဘု​ရင်​မ​ဖြစ်​နိုင်​သည်​ကို​မ​သိ​ပါ​သ​လော။ ယ​ခု​ပင်​သွား​၍​သူ့​ကို​ခေါ်​ခဲ့​လော့။ သူ​သည် မု​ချ​သေ​ဒဏ်​ခံ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ