ထို့ကြောင့်ဒါဝိဒ်သည်ကွင်းထဲတွင်ပုန်းအောင်း လျက်နေ၏။ လဆန်းပွဲတော်နေ့၌ရှောလု မင်းသည်စားတော်ခေါ်ရန်ကြွလာတော် မူ၍၊-
ဆူအောင်ကျွေးသော နွားတကောင်လုံးကို အချင်းချင်း အငြိုးထားသောစိတ်နှင့်စားရသည်ထက်၊ ချစ်ခြင်းမေတ္တာပါသော ဟင်းရွက်တနပ် စာသည်သာ၍ ကောင်း၏။
တအိမ်လုံးပြည့်သော ယဇ်ပူဇော်ပွဲကို ရန်တွေ့ သော စိတ်နှင့်စားရသည်ထက်၊ ငြိမ်သက်ခြင်းနှင့် ယှဉ် သော မုန့်တလုပ်စာသည်သာ၍ကောင်း၏။
မတရားသော သူပူဇော်သော ယဇ်သည် စက်ဆုပ်ရွံ့ရှာဘွယ်ဖြစ်၏။ ထိုမျှမက၊ မတရားသော စိတ်နှင့်ပူဇော်လျှင် သာ၍ဖြစ်၏။
ယဇ်ပူဇော်ခြင်းကို နှစ်သက်သည်ထက် ဖြောင့် မတ်စွာပြုခြင်း၊ တရားသဖြင့် စီရင်ခြင်းကို ထာဝရဘုရား သည် သာ၍နှစ်သက်တော်မူ၏။
ဒုစရိုက်နှင့်ဆိုင်သောမုန့်ကိုစား၍ ညှဉ်းဆဲခြင်း နှင့်ဆိုင်သော စပျစ်ရည်ကို သောက်တတ်ကြ၏။
စားပွဲသောက်ပွဲကျင်းပကြသည်မှာလည်း မိမိတို့အာသာချင်ရဲပြေစေရန်သာလျှင် ဖြစ်ပေသည်'' ဟုမိန့်တော်မူ၏။
လူတို့သည်သခင်ယေရှုအားကယာဖထံမှ ဘုရင်ခံမင်း၏အိမ်တော်သို့ခေါ်ဆောင်သွားကြ ၏။ အချိန်ကားနံနက်စောစောဖြစ်၏။ ယုဒ အမျိုးသားတို့သည်ပသခါညစာစားနိုင်ရန် မိမိတို့ကိုယ်ကိုဘာသာရေးကျင့်ထုံးအရ သန့်စင်စေလိုသဖြင့်အိမ်တော်ထဲသို့မဝင် ကြ။-
ကျွန်ုပ်တို့နှစ်ဦးအချင်းချင်းပြုခဲ့ကြသည့် ကတိသစ္စာကို ထာဝစဉ်မပျက်မကွက်စောင့် ထိန်းနိုင်ကြစေရန်ထာဝရဘုရားသည် စီမံတော်မူပါလိမ့်မည်'' ဟုဆို၏။
နံရံအနီးမိမိထိုင်နေကျနေရာတွင်ထိုင် တော်မူ၏။ အာဗနာသည်မင်းကြီး၏နံဘေး တွင်လည်းကောင်း၊ ယောနသန်သည်မင်းကြီး ၏ရှေ့တွင်လည်းကောင်းထိုင်၏။ ဒါဝိဒ်၏ နေရာမူကားလပ်၍နေ၏။-
ဒါဝိဒ်က``နက်ဖြန်နေ့သည်လဆန်းနေ့ပွဲ တော်ဖြစ်၍ကျွန်ုပ်သည်မင်းကြီးနှင့်အတူ စားသောက်သင့်သည့်အချိန်ဖြစ်ပါ၏။ သို့ ရာတွင်သင်ကန့်ကွက်ရန်မရှိပါလျှင် ကျွန်ုပ် သည်ကွင်းထဲသို့သွား၍သန်ဘက်ခါ ညနေအထိပုန်းအောင်းနေပါမည်။-