Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 20:21

Common Language Bible

ထို​နောက်​ကျွန်ုပ်​၏​အ​စေ​ခံ​အား​မြား​တို့ ကို​သွား​၍​ရှာ​စေ​မည်။ ကျွန်ုပ်​သည်​သူ့​အား`မြား တို့​သည်​ဤ​ဘက်​မှာ​ရှိ​သည်၊ သွား​၍​ယူ​ချေ' ဟု ဆို​လျှင်​သင့်​မှာ​ဘေး​အန္တ​ရာယ်​မ​ရှိ​တော့​သ​ဖြင့် ထွက်​၍​လာ​နိုင်​ပြီ​ဟု​ဆို​လို​ကြောင်း​သိ​မှတ် ပါ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

အ​ကယ်​၍​သူ​တို့​သည်​ငါ့​လူ​မျိုး​တော်​၏ ဘာ​သာ​တ​ရား​ကို​လက်​ခံ​ကာ အ​ခါ​တစ်​ပါး က​ဗာ​လ​ဘု​ရား​အား​တိုင်​တည်​ကျိန်​ဆို​မှု ကို​သူ​တို့​သည် ငါ​၏​လူ​မျိုး​တော်​အား​သင် ကြား​ပေး​ခဲ့​သည့်​နည်း​တူ​ယ​ခု​အ​ခါ`ထာ​ဝ​ရ ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည့်​အ​တိုင်း' ဟု ငါ​၏​နာ​မ​တော်​အား​ဖြင့်​ကျိန်​ဆို​ကြ​ပါ​မူ သူ​တို့​သည်​ငါ​၏​လူ​မျိုး​တော်​တွင်​အ​ပါ အ​ဝင်​ဖြစ်​လျက်​ကောင်း​စား​ကြ​လိမ့်​မည်။-

ငါ​၏​နာ​မ​တော်​ကို​သင်​တို့​တိုင်​တည်​ကျိန်​ဆို မှု​သည်​တော်​တည့်​မှန်​ကန်၊ လျော်​ကန်​သင့်​မြတ် လိမ့်​မည်။ ထို​အ​ခါ​လူ​မျိုး​တ​ကာ​တို့​သည် မိ​မိ တို့​အား​ကောင်း​ချီး​ပေး​ရန်​ငါ့​ထံ​တောင်း လျှောက်​ကြ​လိမ့်​မည်။ ငါ့​ကို​လည်း​ထော​မ​နာ ပြု​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည့်​အ​တိုင်း​ဟု​ဆို​ကြ​သော်​လည်း သင်​တို့​သည်​မ​ဟုတ်​မ​မှန်​ကျိန်​ဆို​ကြ​၏။

ရှ​မာ​ရိ​ဘု​ရား​ရုပ်​တု​များ​ကို​တိုင်​တည်​ကာ ကျိန်​ဆို​လေ့​ရှိ​သူ​များ`ဒန်​ဘု​ရား' ကို​သော် လည်း​ကောင်း `ဗေ​ရ​ရှေ​ဘ​မြို့​လမ်း​ရှိ​ဘု​ရား' ကို လည်း​ကောင်း၊ ထို​ဘု​ရား​တို့​အ​သက်​ရှင်​တော် မူ​သည့်​အ​တိုင်း​ဟု​တိုင်​တည်​ကာ ကျိန်​ဆို တတ်​သူ​အ​ပေါင်း​တို့​သည်​ပြန်​မ​ထ​နိုင် အောင်​ပင်​ပြို​လဲ​တော့​မည်'' ဟု​မိန့်​တော် မူ​၏။

ထို​အ​ခါ​ကျွန်ုပ်​၏​သည်​ကျောက်​ပုံ​ကို​ပစ် မှတ်​သ​ဖွယ်​ပြု​၍ မြား​သုံး​စင်း​ပစ်​လွှတ် လိုက်​မည်။-

အကယ်​၍​ကျွန်ုပ်​က`မြား​တို့​သည်​ဟို​ဘက်​မှာ တွင်​ရှိ​သည်၊ သွား​၍​ယူ​ချေ' ဟု​ဆို​လျှင်​မူ​ကား ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ထွက်​ခွာ​သွား စေ​တော်​မူ​ပြီ​ဖြစ်​၍​သင်​သည်​ထွက်​ခွာ​သွား ပါ​လော့။-

ထို​သူ​ငယ်​အား``ယ​ခု​ပင်​ငါ​ပစ်​လွှတ်​လိုက်​မည့် မြား​ကို​ပြေး​၍​ရှာ​လော့'' ဟု​ဆို​၏။ ထို​သူ​ငယ် ပြေး​လေ​လျှင်​ယော​န​သန်​သည်​သူ့​ကို​လွန် အောင်​မြား​တစ်​စင်း​ကို​ပစ်​လွှတ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ