၁ ရာ 20:16Common Language Bibleကျွန်ုပ်တို့နှစ်ဦးထားရှိကြသည့်ကတိ သစ္စာမပျက်မပြယ်တည်မြဲပါစေသတည်း။ အကယ်၍ထိုကတိသစ္စာကိုဖျက်ခဲ့သော် ထာဝရဘုရားသည် သင့်အားအပြစ်ဒဏ် စီရင်တော်မူပါစေသော''ဟုဆို၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါယောနသန်က``ဘုရားသခင်သည် သင်နှင့်အတူရှိတော်မူပါစေသော။ ငါတို့ နှစ်ယောက်သည်လည်းကောင်း၊ ငါတို့သားမြေး များသည်လည်းကောင်းငါတို့တစ်ယောက်ကို တစ်ယောက်ပြုခဲ့သည့်ကတိသစ္စာကို ထာဝစဉ် မပျက်မကွက်စောင့်ထိန်းနိုင်ကြစေရန် ထာဝရဘုရားမုချကူမတော်မူပါ လိမ့်မည်'' ဟုဆို၏။ ထိုနောက်ဒါဝိဒ်ထွက်ခွာ သွား၏။ ယောနသန်သည်လည်းမြို့ထဲသို့ ပြန်လေ၏။
ယင်းသို့ထင်မှတ်သဖြင့်သင်တို့သည် ငါ့ အားလုပ်ကြံရန်လျှို့ဝှက်ကြံစည်လျက် နေကြသလော။ ငါ၏သားတော်ကိုယ်တိုင် ပင်လျှင် ဒါဝိဒ်နှင့်မဟာမိတ်ဖွဲ့ထားသည့် အကြောင်းကို သင်တို့တစ်စုံတစ်ယောက်မျှ ငါ့အားမပြောကြ။ ငါ့အားကြင်နာသူ တစ်ဦးတစ်ယောက်မျှမရှိ။ ငါ၏ငယ်သား တစ်ဦးဖြစ်သူဒါဝိဒ်သည်ငါ့အားလုပ် ကြံရန်အခွင့်ကောင်းကို ယခုပင်ရှာလျက် နေကြောင်းကိုသော်လည်းကောင်း၊ သူ့အား ငါ၏သားတော်ကအားပေးအားမြှောက် ပြုခဲ့ကြောင်းကိုသော်လည်းကောင်း အဘယ် သူမျှငါ့အားမပြောကြ'' ဟုမိန့်တော် မူ၏။
ရန်သူများကိုအရှင်ကိုယ်တိုင်သတ်ဖြတ်၍ လက် စားချေမှုကိုမပြုရန်ဆီးတားတော်မူသူမှာ ထာဝရဘုရားဖြစ်တော်မူပါ၏။ အရှင်၏ ရန်သူများသည်လည်းကောင်း၊ အရှင့်အားဘေး အန္တရာယ်ပြုလိုသူအပေါင်းတို့သည်လည်း ကောင်း နာဗလကဲ့သို့ပင်အပြစ်ဒဏ်စီရင် ခြင်းကိုခံရကြပါစေသောဟု အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင်တည် ၍ကျွန်မကျိန်ဆိုပါ၏။-