Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 2:13

Common Language Bible

လူ​တို့​ထံ​မှ​ယဇ်​ပု​ရော​ဟိတ်​တို့​တောင်း​ဆို​ပိုင်​ခွင့် နှင့်​ဆိုင်​သော​ပြ​ဋ္ဌာန်း​ချက်​များ​ကို​လည်း​ကောင်း ပ​မာ​ဏ​မ​ပြု​ဘဲ​ယဇ်​ပူ​ဇော်​နေ​သူ​ထံ​သို့ မိ​မိ တို့​၏​အ​စေ​ခံ​ကို​သုံး​ခွ​ခက်​ရင်း​နှင့်​စေ​လွှတ် တတ်​ကြ​၏။ ထို​အ​စေ​ခံ​သည်​အိုး​ကင်း​တွင် ချက်​ပြုတ်​နေ​ဆဲ​အ​သား​ကို၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

5 ပူးပေါင်းရင်းမြစ်များ  

ဤ​အ​ရပ်​ကား​ယဇ်​ပု​ရော​ဟိတ်​တို့​အ​ပြစ် ဖြေ​ရာ​ယဇ်၊ သို့​မ​ဟုတ်​ဒု​စ​ရိုက်​ဖြေ​ရာ ယဇ်​ကို​ပူ​ဇော်​ရန်​အ​သား​များ​ကို​ပြုတ် ရာ၊ မုန့်​ညက်​ပူ​ဇော်​သကာ​ကို​ဖုတ်​ရာ​အ​ရပ် ဖြစ်​၏။ လူ​တို့​ဘေး​အန္တ​ရာယ်​မ​ဖြစ်​ကြ စေ​ရန်​သန့်​ရှင်း​မြင့်​မြတ်​သည့်​အ​ရာ​မှန် သ​မျှ​ကို​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မ​ထုတ် ကြ​ခြင်း​ဖြစ်​၏'' ဟု​ဆို​၏။

ခက်​ရင်း​ဖြင့်​ထိုး​ကာ​ပါ​လာ​သ​မျှ​ကို မိ​မိ​၏ ယဇ်​ပု​ရော​ဟိတ်​အ​တွက်​ယူ​သွား​တတ်​လေ​သည်။ ယဇ်​ပူ​ဇော်​ရန်​ရှိ​လော​မြို့​သို့​ရောက်​ရှိ​လာ​ကြ သော​ဣ​သ​ရေ​လ​အ​မျိုး​သား​အား​လုံး​ပင် လျှင်​ဤ​နည်း​အ​တိုင်း​ပြု​ကျင့်​ခြင်း​ကို​ခံ​ရ ကြ​၏။-

ယ​ခု​အ​ခါ​၌​ဧ​လိ​သည်​လွန်​စွာ​အို​မင်း​လျက် ရှိ​၏။ မိ​မိ​၏​သား​များ​က​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ပြု​သ​မျှ​တို့​ကို​လည်း​ကောင်း၊ သူ တို့​သည်​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော် အ​ဝင်​ဝ​၌ အ​လုပ်​တာ​ဝန်​ကျ​သူ​အ​မျိုး​သ​မီး များ​နှင့်​ပင်​မှား​ယွင်း​ကြ​ကြောင်း​ကို​လည်း ကောင်း​ဧ​လိ​ကြား​သိ​ရ​သည်။-

သို့​ဖြစ်​၍​သင်​သည်​ငါ​၏​အ​မိန့်​အ​ရ​ဆက်​သ သည့်​ယဇ်​နှင့်​ပူ​ဇော်​သ​ကာ​များ​ကို အ​ဘယ် ကြောင့်​လော​ဘ​စိတ်​နှင့်​ကြည့်​ဘိ​သ​နည်း။ ဧ​လိ၊ သင်​သည်​ငါ​၏​လူ​မျိုး​တော်​တင်​လှူ​သည့်​ယဇ် ကောင်​ရှိ​သ​မျှ​မှ​အ​ကောင်း​ဆုံး​အ​ပိုင်း​တို့ ကို အ​ဘယ်​ကြောင့်​သင်​၏​သား​တို့​အား​ဝ​စွာ စား​ခွင့်​ပြု​ပါ​သ​နည်း။ အ​ဘယ်​ကြောင့်​သူ တို့​အား​ငါ့​ထက်​ပင်​ပို​၍​ဂုဏ်​ပြု​ချီး​မြှင့် ပါ​သ​နည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ