ဖိလိတ္တိအမျိုးသားတို့နှင့်တစ်ဖန်စစ်ဖြစ် ပြန်၏။ ဒါဝိဒ်သည်သူတို့အားပြင်းထန်စွာ တိုက်ခိုက်နှိမ်နင်းလိုက်သဖြင့် သူတို့သည် ထွက်ပြေးကြကုန်၏။
အာဟပ်မင်းသည်လည်းစစ်ပွဲသို့ဝင်တော်မူ၍ မြင်းများစစ်ရထားများကိုဖမ်းဆီးသိမ်း ယူ၍ ရှုရိအမျိုးသားတို့အားအကြီး အကျယ်အရေးရှုံးနိမ့်စေတော်မူ၏။-
စစ်တပ်တစ်တပ်လုံးပင်ငါ့ကိုဝိုင်းရံထားစေကာမူ ငါသည်ကြောက်လန့်လိမ့်မည်မဟုတ်။ အကယ်၍ငါ၏ရန်သူများကပင်လျှင် ငါ့ကိုတိုက်ခိုက်စေကာမူငါသည် ထာဝရဘုရားအားကိုးစားမည်။
ထာဝရဘုရားသည်သူနှင့်အတူရှိတော် မူသဖြင့် သူပြုလေသမျှသောအမှုတို့ သည်အောင်မြင်လေ၏။-
ဖိလိတ္တိစစ်တပ်များသည်လာရောက်တိုက်ခိုက် လေ့ရှိကြ၏။ ဒါဝိဒ်သည်တိုက်ပွဲတိုင်း၌ပင် ရှောလု၏အခြားတပ်မတော်အရာရှိများ ထက်ပို၍အောင်မြင်သဖြင့်အလွန်ထင်ပေါ် ကျော်စောလာ၏။
ထို့ကြောင့်ယောနသန်သည်ဒါဝိဒ်ကိုခေါ်၍ အလုံးစုံကိုပြောကြားပြီးလျှင် ရှောလုထံ သို့ခေါ်ဆောင်သွား၏။ ဒါဝိဒ်သည်လည်းယခင် ကကဲ့သို့ဘုရင်၏ထံတွင်ခစားလေ၏။
တစ်နေ့သ၌ထာဝရဘုရားထံတော်မှ နတ် မိစ္ဆာသည်ရှောလုအားပူးဝင်လာ၏။ ရှောလု သည်လှံတံတော်ကိုကိုင်၍နန်းတော်တွင် ထိုင်လျက်နေတော်မူ၏။ ဒါဝိဒ်ကားစောင်း တီးလျက်နေ၏။-
ထို့ကြောင့်ဒါဝိဒ်နှင့်သူ၏အပေါင်းပါတို့သည် ကိလမြို့သို့သွား၍ ဖိလိတ္တိအမျိုးသားတို့ကို တိုက်ခိုက်ကြ၏။ သူတို့သည်လူအမြောက်အမြား ကိုသတ်ဖြတ်၍သိုးနွားများကိုသိမ်းယူကြ၏။ ဤသို့လျှင်ဒါဝိဒ်သည်ကိလမြို့ကိုကယ်တင် လေသည်။