Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 19:23

Common Language Bible

ထို​ရွာ​သို့​ခ​ရီး​ပြု​နေ​ခိုက်​သူ​၏​အ​ပေါ်​သို့ လည်း ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သက်​ရောက် တော်​မူ​၍ သူ​သည်​တစ်​လမ်း​လုံး​နာ​ယုတ်​ရွာ ရောက်​သည်​တိုင်​အောင်​က​ခုန်​အော်​ဟစ်​လျက် သွား​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

လူသည် မိမိသွားရာလမ်းကို စိတ်ထဲမှာ ကြံစည် ၏။ သို့သော်လည်း သူ၏ခြေရာတို့ကို ထာဝရဘုရား စီရင်တော်မူ၏။

ရှင်ဘုရင်၏ စိတ်နှလုံးသည် ရေချောင်းကဲ့သို့ ဖြစ်၍၊ ထာဝရဘုရား၏ လက်တော်၌ရှိသဖြင့်၊ အလို တော်ရှိသည်အတိုင်း လှည့်စေတော်မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​လက်​အား ဆင့်​ဆို ရ​မည့်​စ​ကား​ကို​မိန့်​ကြား​ပြီး​လျှင်​ဗာ​လမ် ကို​ဗာ​လက်​ထံ​သို့​ပြန်​စေ​တော်​မူ​၏။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အ​နွယ်​အ​လိုက် စ​ခန်း​ချ​နေ​သည်​ကို​မြင်​ရ​သည်။ ထို​အ​ခါ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည်​သူ့​အ​ပေါ် သို့​ဆင်း​သက်​၏။-

တ​ရား​စီ​ရင်​ရာ​နေ့​ရက်​ရောက်​သော​အ​ခါ `သ​ခင်၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏​နာ​မ​တော်​ကို​အ​မှီ​ပြု ၍ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကို​ဟော​ကြား​ခဲ့ ကြ​သည်​မ​ဟုတ်​ပါ​လော။ ကိုယ်​တော်​၏​နာ​မ​တော်​ကို အ​မှီ​ပြု​၍ နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​ခဲ့​ကြ​သည် မ​ဟုတ်​ပါ​လော။ ကိုယ်​တော်​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍ အံ့​သြ​ဖွယ်​အ​မှု​အ​ရာ​များ​ကို​ပြု​ခဲ့​ကြ သည်​မ​ဟုတ်​ပါ​လော' ဟု​လူ​အ​များ​ပင်​ငါ့​အား ပြော​ကြား​ကြ​လိမ့်​မည်။-

ယင်း​သို့​ဆို​ရာ​၌​သူ​သည် မိ​မိ​ကိုယ်​ပိုင်​ဉာဏ် ဖြင့်​ဆို​သည်​မ​ဟုတ်။ ထို​နှစ်​အ​တွက်​ယဇ်​ပု ရော​ဟိတ်​မင်း​ဖြစ်​လျက် ယု​ဒ​အ​မျိုး​သား တစ်​ရပ်​လုံး​အ​တွက်​လည်း​ကောင်း၊ ထို​မျှ​မ​က အ​ရပ်​ရပ်​တွင် ကွဲ​လွင့်​နေ​သော​ဘု​ရား​သ​ခင် ၏​လူ​စု​တော်​ဝင်​များ​ကို​တစ်​စု​တစ်​ရုံး​တည်း ဖြစ်​စေ​ရန်​လည်း​ကောင်း ကိုယ်​တော်​အ​သေ​ခံ တော်​မူ​မည့်​အ​ကြောင်း​ကြို​တင်​ဟော​ကြား ခြင်း​ဖြစ်​သ​တည်း။

ငါ​သည်​ဗျာ​ဒိတ်​တော်​အား​ဖြင့်​ဟော​ပြော​နိုင် သော်​လည်း​ကောင်း၊ နက်​နဲ​သော​အ​ရာ​ရှိ​သ​မျှ နှင့်​အ​တတ်​ပ​ညာ​ရှိ​သ​မျှ​တို့​ကို​နား​လည် တတ်​ကျွမ်း​သော်​လည်း​ကောင်း၊ တောင်​များ​ကို ရွှေ့​ပြောင်း​နိုင်​သည့်​ယုံ​ကြည်​ခြင်း​ရှိ​သော် လည်း​ကောင်း​မေတ္တာ​မ​ရှိ​လျှင်​အ​ချည်း​နှီး ပင်​ဖြစ်​၏။-

ရှော​လု​နှင့်​သူ​၏​အ​စေ​ခံ​သည်​ဂိ​ဗာ​မြို့ သို့​ရောက်​ရှိ​ကြ​သော​အ​ခါ ပ​ရော​ဖက်​တစ် စု​သည်​သူ​တို့​အား​ဆီး​ကြို​ကြ​၏။ ထာ​ဝ​ရ ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည်​ရှော​လု​အ​ပေါ် သို့​သက်​ရောက်​သ​ဖြင့်​သူ​သည်​ပ​ရော​ဖက် များ​နှင့်​အ​တူ​ပါ​ဝင်​က​ခုန်​ဟစ်​အော် လေ​သည်။-

ထို​အ​ရပ်​သား​တစ်​ဦး​က``အ​ခြား​ပ​ရော ဖက်​တို့​၏​ဖ​ခင်​များ​ကား​မည်​သူ​တို့​နည်း'' ဟု​ဆို​၏။ ဤ​သို့​လျှင်``ရှော​လု​သည်​လည်း ပ​ရော​ဖက်​ဖြစ်​လာ​လေ​ပြီ​လော'' ဟူ​သော ဆို​ရိုး​စ​ကား​စ​တင်​ပေါ်​ပေါက်​လာ သ​တည်း။-

ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည် သင်​၏​အ​ပေါ်​သို့​သက်​ရောက်​သ​ဖြင့် သင်​သည် ထို​သူ​တို့​နှင့်​အ​တူ​ပါ​ဝင်​က​ခုန်​အော်​ဟစ် ကာ​ခြား​နား​သော​သူ​ဖြစ်​၍​သွား​လိမ့်​မည်။-

နောက်​တစ်​နေ့​၌​ဘု​ရား​သ​ခင်​၏​ထံ​တော်​မှ နတ်​မိစ္ဆာ​သည်​ရှော​လု​ကို​ပူး​ဝင်​သ​ဖြင့် သူ​သည် သူ​ရူး​သ​ဖွယ်​နန်း​တော်​တွင်း​ဝယ်​ဟစ်​အော် လျက်​နေ​၏။ ရှော​လု​သည်​လှံ​တန်​ကို​ကိုင် ထား​ပြီး​လျှင်၊-

ဒါ​ဝိဒ်​သည်​ယင်း​သို့​ထွက်​ပြေး​လွတ်​မြောက်​သွား ပြီး​လျှင် ရာ​မ​မြို့​ရှိ​ရှ​မွေ​လ​ထံ​သို့​သွား​၍ မိ​မိ အား​ရှော​လု​ပြု​သ​မျှ​သော​အ​မှု​တို့​ကို ပြော​ပြ​၏။ ထို​နောက်​သူ​နှင့်​ရှ​မွေ​လ​တို့​သည် နာ​ယုတ်​ရွာ​သို့​သွား​ရောက်​နေ​ထိုင်​ကြ​၏။-

သူ့​ကို​ဖမ်း​ဆီး​ရန်​လူ​အ​ချို့​တို့​ကို​စေ​လွှတ် တော်​မူ​လိုက်​၏။ သူ​တို့​သည်​ရှ​မွေ​လ​ခေါင်း ဆောင်​ကာ က​ခုန်​အော်​ဟစ်​နေ​ကြ​သော ပ​ရော​ဖက်​တစ်​စု​ကို​မြင်​ကြ​၏။ ထို​အ​ခါ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည် ရှော​လု ၏​လူ​တို့​အ​ပေါ်​သို့​သက်​ရောက်​သ​ဖြင့် သူ​တို့​သည်​လည်း​က​ခုန်​အော်​ဟစ်​ကြ​၏။-

ထို​အ​ခါ​ရှော​လု​သည်​မိ​မိ​ကိုယ်​တိုင်​ရာ​မ မြို့​သို့​ထွက်​လာ​တော်​မူ​၏။ သူ​သည်​စေ​ခု​ရေ တွင်း​ကြီး​သို့​ရောက်​ရှိ​လာ​သော​အ​ခါ ရှ​မွေ​လ နှင့်​ဒါ​ဝိဒ်​တို့​ရှိ​ရာ​အ​ရပ်​ကို​မေး​မြန်း​စုံ​စမ်း ရာ​နာ​ယုတ်​ရွာ​တွင်​ရှိ​နေ​ကြ​ကြောင်း​သိ​ရှိ တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ