Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 19:20

Common Language Bible

သူ့​ကို​ဖမ်း​ဆီး​ရန်​လူ​အ​ချို့​တို့​ကို​စေ​လွှတ် တော်​မူ​လိုက်​၏။ သူ​တို့​သည်​ရှ​မွေ​လ​ခေါင်း ဆောင်​ကာ က​ခုန်​အော်​ဟစ်​နေ​ကြ​သော ပ​ရော​ဖက်​တစ်​စု​ကို​မြင်​ကြ​၏။ ထို​အ​ခါ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည် ရှော​လု ၏​လူ​တို့​အ​ပေါ်​သို့​သက်​ရောက်​သ​ဖြင့် သူ​တို့​သည်​လည်း​က​ခုန်​အော်​ဟစ်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

``ထို​နောက်​ငါ​သည်​မိ​မိ​၏​ဝိ​ညာဉ်​တော်​ကို လူ​အပေါင်း​တို့​အ​ပေါ်​သို့​သွန်း​လောင်း​မည်။ သင်​တို့​သား​သ​မီး​များ​သည်​ငါ​၏​ဗျာ​ဒိတ် တော်​ကို ပြန်​ကြား​ကြ​လိမ့်​မည်။ အ​သက်​ကြီး​သူ​များ​သည်​အိပ်​မက်​များ​ကို မြင်​မက်​ကြ​လျက်၊ လူ​ငယ်​လူ​ရွယ်​တို့​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကို တွေ့​မြင်​ကြ​လိမ့်​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အ​နွယ်​အ​လိုက် စ​ခန်း​ချ​နေ​သည်​ကို​မြင်​ရ​သည်။ ထို​အ​ခါ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည်​သူ့​အ​ပေါ် သို့​ဆင်း​သက်​၏။-

ဤ​သို့​ကိုယ်​တော်​၏​အ​ကြောင်း​ကို​လူ​တို့​တီး တိုး​ပြော​ဆို​နေ​ကြ​သည်​ကို​ဖာ​ရိ​ရှဲ​များ ကြား​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​နှင့်​ယဇ်​ပု​ရော ဟိတ်​ကြီး​များ​သည် ကိုယ်​တော်​ကို​ဖမ်း​ဆီး ရန်​အ​စောင့်​တပ်​သား​အ​ချို့​ကို​စေ​လွှတ် လိုက်​ကြ​၏။-

သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကို ဟော​ပြော​သော​သူ​သည်​ကား လူ​တို့​အား​ဆောက် တည်​ရာ​ရ​စေ​သော​စ​ကား၊ အား​ပေး​သော စ​ကား၊ နှစ်​သိမ့်​သော​စ​ကား​တို့​ကို​ပြော​၏။-

ရှော​လု​နှင့်​သူ​၏​အ​စေ​ခံ​သည်​ဂိ​ဗာ​မြို့ သို့​ရောက်​ရှိ​ကြ​သော​အ​ခါ ပ​ရော​ဖက်​တစ် စု​သည်​သူ​တို့​အား​ဆီး​ကြို​ကြ​၏။ ထာ​ဝ​ရ ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည်​ရှော​လု​အ​ပေါ် သို့​သက်​ရောက်​သ​ဖြင့်​သူ​သည်​ပ​ရော​ဖက် များ​နှင့်​အ​တူ​ပါ​ဝင်​က​ခုန်​ဟစ်​အော် လေ​သည်။-

ထို​ညဥ့်​၌​ပင်​လျှင်​ဒါ​ဝိဒ်​၏​အိမ်​ကို​စောင့်​ကြည့် ရန်​နှင့် နောက်​တစ်​နေ့​နံ​နက်​၌​ဒါ​ဝိဒ်​ကို​သတ် ရန်​ရှော​လု​သည် လူ​အ​ချို့​တို့​ကို​စေ​လွှတ်​လိုက်​၏။ ဒါ​ဝိဒ်​၏​ဇ​နီး​မိ​ခါ​လ​သည်​ဒါ​ဝိဒ်​အား``အ​ရှင်၊ သင်​သည်​ယ​နေ့​ညဥ့်​၌​ပင်​ထွက်​ပြေး​ပါ​လော့။ သို့​မ​ဟုတ်​ပါ​က​နက်​ဖြန်​ခါ​အ​သတ်​ခံ​ရ​ပါ လိမ့်​မည်'' ဟု​သ​တိ​ပေး​ပြီး​နောက်၊-

ရှော​လု​၏​လူ​တို့​သည်​ဒါ​ဝိဒ်​အား​ဖမ်း​ဆီး ရန်​လာ​ကြ​သော​အ​ခါ မိ​ခါ​လ​က``ဒါ​ဝိဒ် ဖျား​နေ​ပါ​သည်'' ဟု​ဆို​၏။-

ရှော​လု​သည်​ရာ​မ​မြို့​အ​ပိုင်​နာ​ယုတ်​ရွာ​တွင် ဒါ​ဝိဒ်​ရှိ​နေ​ကြောင်း​သ​တင်း​ရ​သ​ဖြင့်၊-

ဤ​အ​ကြောင်း​ကို​ရှော​လု​ကြား​သော​အ​ခါ စေ​တ​မန်​များ​ကို​ထပ်​မံ​၍​လွှတ်​လိုက်​ပြန်​၏။ သူ​တို့​သည်​လည်း​က​ခုန်​အော်​ဟစ်​ကြ​၏။ ရှော​လု သည်​တ​တိ​ယ​အ​ကြိမ်​စေ​တ​မန်​များ​ကို လွှတ်​လိုက်​သော​အ​ခါ​၌​လည်း ဤ​နည်း အ​တိုင်း​ပင်​ဖြစ်​ပျက်​ပြန်​လေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ