သူတို့သည်အိပ်ခန်းထဲသို့ဝင်ကြည့်ကြသော အခါ ဆိတ်မွေးခေါင်းအုံးနှင့်သိပ်ထားသော အိမ်စောင့်နတ်ရုပ်ကိုအိပ်ရာပေါ်တွင်တွေ့ရှိ ကြ၏။-
ထိုနောက်မိခါလသည်အိမ်စောင့်နတ်ရုပ်ကို ယူပြီးလျှင် အိပ်ရာပေါ်မှာတင်၍ဆိတ်မွေး ခေါင်းအုံးတစ်လုံးနှင့်သိပ်ထား၏။ ထိုနောက် စောင်ခြုံပေးထား၏။-
သို့ရာတွင်ရှောလုသည်မိမိလူတို့ကိုတစ် ဖန်စေလွှတ်လျက်``သင်တို့ကိုယ်တိုင်ဒါဝိဒ်ကို ဝင်ကြည့်ကြလော့။ သူ့ကိုအိပ်ရာနှင့်တကွ ယခုပင်ငါ့ထံသို့ယူဆောင်ခဲ့ကြလော့။ သူ့ကိုငါကိုယ်တိုင်သတ်မည်'' ဟုဆို၏။-
ရှောလုကမိခါလအား``သင်သည်အဘယ် ကြောင့်ငါ့အားဤသို့လှည့်စား၍ ငါ့ရန်သူ ကိုထွက်ပြေးစေပါသနည်း''ဟုမေးတော် မူလျှင်၊ မိခါလက``သူ့အားလွတ်မြောက်အောင်မကူ ညီလျှင် ကျွန်မအားသတ်ပစ်မည်ဟုဆိုသော ကြောင့်ဖြစ်ပါသည်'' ဟုလျှောက်၏။