Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 18:7

Common Language Bible

ယင်း​သို့​အောင်​ပွဲ​ကျင်း​ပ​ရာ​၌​အ​မျိုး​သ​မီး တို့​က``ရှော​လု​သတ်​သူ​အ​ထောင်​ထောင်၊ ဒါ​ဝိဒ် သတ်​သူ​အ​သောင်း​သောင်း'' ဟု​သီ​ဆို​ကြ လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

လူ​တို့​က``အ​ရှင်၊ အ​ကျွန်ုပ်​တို့​နှင့်​အ​တူ ကြွ​တော်​မ​မူ​ပါ​နှင့်။ အ​ကယ်​၍​အ​ကျွန်ုပ် တို့​အား​လုံး​ပင်​တပ်​လန့်​ထွက်​ပြေး​ကြ သော်​လည်း​ကောင်း၊ အ​ကျွန်ုပ်​တို့​အ​နက် ထက်​ဝက်​မျှ​ပင်​ကျ​ဆုံး​သွား​သော်​လည်း ကောင်း၊ ရန်​သူ​အ​တွက်​အ​ဘယ်​သို့​မျှ ထူး​ခြား​မှု​ရှိ​မည်​မ​ဟုတ်​ပါ။ အ​ရှင် သည်​ကား​အ​ကျွန်ုပ်​တို့​လူ​တစ်​သောင်း လောက်​တန်​ဖိုး​ရှိ​ပါ​၏။ အ​ရှင်​သည်​မြို့ ထဲ​တွင်​နေ​ရစ်​၍​အ​ကျွန်ုပ်​တို့​အား​စစ် ကူ​ပို့​ပေး​ပါ​က​ပို​၍​ကောင်း​ပါ​လိမ့် မည်'' ဟု​လျှောက်​ထား​ကြ​၏။

ဘု​ရား​သ​ခင်​ချီး​မြှင့်​တော်​မူ​ခြင်း​ကို​ခံ​ရ​သော ဘု​ရင်​အ​ဖြစ်​ဖြင့် ယာ​ကုပ်​၏​ဘု​ရား​ဘိ​သိက်​ပေး တော်​မူ​သော​ဣ​သ​ရေ​လ​နိုင်​ငံ​တွင် သာ​ယာ​စွာ သီ​ချင်း​ဖွဲ့​ဆို​သော​ယေ​ရှဲ​၏​သား​ဒါ​ဝိဒ်​၏​နောက် ဆုံး​မိန့်​မြွက်​သည့်​စ​ကား​ကား​အောက်​ပါ​အ​တိုင်း ဖြစ်​သည်။

ဒါ​ဝိဒ်​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး ကူး​ရန်​အ​စွမ်း​ကုန်​က​ခုန်​ကြ​၏။ သူ​တို့​သည် စောင်း​ကြီး​စောင်း​ငယ်၊ ပတ်​သာ၊ နှဲ၊ ခ​ရာ၊ လင်း ကွင်း​အ​စ​ရှိ​သည့်​တူ​ရိ​ယာ​များ​ကို​တီး မှုတ်​ကြ​၏။

မိ​ရိ​အံ​က၊ ``ထာ​ဝ​ရ​ဘု​ရား​သည်​အောင်​ပွဲ​ကြီး​ခံ​တော်​မူ ပြီ​ဖြစ်​၍ ဂုဏ်​တော်​ကို​ကူး​ရင့်​သီ​ဆို​ကြ​လော့။ ကိုယ်​တော်​သည်​မြင်း​များ​နှင့်​မြင်း​စီး​သူ​ရဲ တို့​ကို ပင်​လယ်​ထဲ​၌​နစ်​မြုပ်​စေ​တော်​မူ​ပြီ'' ဟူ​၍ သီ​ချင်း​စပ်​ဆို​လေ​သည်။

ဘု​ရင့်​မှူး​မတ်​တို့​က``ဤ​ဒါ​ဝိဒ်​ဆို​သူ​သည် ဣ​သ​ရေ​လ​ဘု​ရင်​ပင်​မ​ဟုတ်​ပါ​လော။ အ​မျိုး သ​မီး​တို့​သည်​က​ခုန်​ကာ`ရှော​လု​သတ်​သူ အ​ထောင်​ထောင်၊ ဒါ​ဝိဒ်​သတ်​သူ​အ​သောင်း သောင်း' ဟု​သူ​၏​အ​ကြောင်း​ကို​သီ​ချင်း​ဆို ခဲ့​ကြ​သည်​မ​ဟုတ်​ပါ​လော'' ဟု​လျှောက် ထား​ကြ​၏။

ထို​သူ​တို့​၏​စ​ကား​ကို​ဒါ​ဝိဒ်​နှ​လုံး​သွင်း​၍ အာ​ခိတ်​မင်း​အား​အ​လွန်​ကြောက်​ရွံ့​သော ကြောင့်၊-

အ​မျိုး​သ​မီး​တို့​သည်​က​ခုန်​လျက်`ရှော​လု သတ်​သူ​အ​ထောင်​ထောင်၊ ဒါ​ဝိဒ်​သတ်​သူ​အ​သောင်း သောင်း' ဟု​သီ​ဆို​ခဲ့​ရာ​တွင်​ဤ​ဒါ​ဝိဒ်​၏​အ​ကြောင်း ကို​သီ​ဆို​ခြင်း​ပင်​မ​ဟုတ်​ပါ​လော'' ဟု​ဆို​ကြ ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ