ထာဝရဘုရားသည်ဒါဝိဒ်နှင့်အတူရှိတော် မူကြောင်းကိုလည်းကောင်း၊ မိခါလသည်ဒါဝိဒ် အားချစ်ကြောင်းကိုလည်းကောင်း ကောင်းစွာသိ သဖြင့်၊-
သူတို့က``ထာဝရဘုရားသည်သင်နှင့်အတူ ရှိကြောင်း ယခုငါတို့သိရပြီဖြစ်၍ ငါတို့ အချင်းချင်းကတိသစ္စာထားကြပါစို့။-
ထိုအခါလာဗန်က``ငါလည်းပြောပါရစေ။ ထာဝရဘုရားသည်သင့်ကြောင့်ငါ့အား ကောင်းချီးပေးတော်မူကြောင်းကိုငါသိ မြင်လာရပြီ။-
ထာဝရဘုရားသည်သူနှင့်အတူရှိ၍သူပြု လေသမျှတို့တွင် အောင်မြင်ကြောင်းသူ၏သခင် တွေ့မြင်ရသည်။-
နားထောင်လော့။ မိမိတို့ကိုယ်ကိုယုဒအမျိုး သားများဟုလိမ်လည်ပြောဆိုနေသူစာတန် ၏အဖွဲ့ဝင်တို့အား သင်၏ခြေရင်းသို့လာ ရောက်ပျပ်ဝပ်စေမည်။ သင့်အားငါချစ်ကြောင်း ကိုသူတို့သိကြလိမ့်မည်။-
သို့ရာတွင်ရှောလု၏သမီးတော်မိခါလသည် ဒါဝိဒ်အားချစ်ကြိုက်၏။ ဤအကြောင်းကိုရှောလု သိသောအခါနှစ်သက်အားရတော်မူသဖြင့်၊-
ဒါဝိဒ်သည်မိမိ၏တပ်သားများနှင့်ထွက်သွား ပြီးလျှင်ဖိလိတ္တိအမျိုးသားနှစ်ရာကိုသတ် ဖြတ်၍ သမက်တော်ဖြစ်ရန်ထိုသူတို့၏အရေ ဖျားများကိုမင်းကြီးထံသို့ယူခဲ့ကာရေ တွက်၍ဆက်၏။ ထို့ကြောင့်ရှောလုသည်သမီး တော်မိခါလအားဒါဝိဒ်နှင့်ထိမ်းမြားစုံဖက် ပေးရလေတော့၏။
ရှောလုသည်ဒါဝိဒ်ကိုပို၍ပင်ကြောက်ရွံ့လာ လျက် အသက်ထက်ဆုံးရန်ငြိုးဖွဲ့တော်မူ၏။
သင်သည်ဣသရေလဘုရင်ဖြစ်လာမည်ကို လည်းကောင်း၊ ဣသရေလပြည်သည်သင်၏ လက်ဝယ်ဆက်လက်တည်မြဲနေမည်ကိုလည်း ကောင်းယခုငါအသေအချာသိပါ၏။-
ရှောလုကလည်း``ငါ့သား၊ သင့်အားဘုရားသခင် ကောင်းချီးပေးတော်မူပါစေသော။ သင်သည်ပြု လေသမျှသောအမှုကိစ္စတို့တွင်အောင်မြင် ပါလိမ့်မည်'' ဟုဒါဝိဒ်အားမိန့်တော်မူ၏။ ထိုနောက်ဒါဝိဒ်သည်ထွက်ခွာ၍ရှောလုသည် နန်းတော်သို့ပြန်သွားတော်မူ၏။