၁ ရာ 18:25Common Language Bibleထိုအခါရှောလုက``သင်တို့သည်ဒါဝိဒ်အား မင်းကြီးသည်သင့်အားသမီးတော်ကိုပေးရ သည့်အတွက်လက်ဆောင်အဖြစ် သင့်ထံမှ ဖိလိတ္တိအမျိုးသားလူသေအလောင်းတစ်ရာ တို့၏အရေဖျားများကိုသာလျှင် ရန်သူ တို့အားလက်စားချေသည့်အနေဖြင့်အလို ရှိတော်မူသည်ဟုပြောကြားလော့'' ဟု အမိန့်ပေးတော်မူ၏။ (ရှောလုဤသို့ပြု ခြင်းမှာဖိလိတ္တိအမျိုးသားတို့၏လက် ဖြင့်ဒါဝိဒ်အသတ်ခံရရန်ဖြစ်၏။-) အခန်းကိုကြည့်ပါ။ |
ဒါဝိဒ်သည်အနီး၌ရှိသောလူတို့အား``ဤ ဖိလိတ္တိအမျိုးသားကိုသတ်၍ဣသရေလ အမျိုးသားတို့၏အသရေကိုဆယ်နိုင်သူ သည် အဘယ်အကျိုးကိုခံစားရပါမည် နည်း။ အကယ်စင်စစ်ဤဘုရားမဲ့ဖိလိတ္တိ အမျိုးသားသည်အဘယ်သို့သောသူဖြစ်၍ အသက်ရှင်တော်မူသောဘုရားသခင် ၏တပ်မတော်ကိုအံတု၍နေပါသနည်း'' ဟုဆို၏။-
ထိုနောက်ရှောလုသည်ဒါဝိဒ်ကိုခေါ်ပြီးလျှင်``ငါ့ မှာငါ့သမီးကြီးမေရပ်ရှိ၏။ သင်သည်ထာဝရ ဘုရား၏စစ်ပွဲများတွင်ရဲရင့်စွာပါဝင်ဆင်နွှဲ လျက် ငါ၏အမှုတော်ကိုထမ်းဆောင်မည်ဆို ပါက ငါသည်သင့်အားဤသမီးတော်နှင့်ထိမ်း မြားပေးစားမည်'' ဟုဆို၏။ (ဤနည်းအားဖြင့် ဒါဝိဒ်အားမိမိကိုယ်တိုင်သတ်ရန်မလိုတော့ ဘဲ ဖိလိတ္တိအမျိုးသားတို့၏လက်ချက်ဖြင့် ကျဆုံးစေရန်ရှောလုအကောက်ကြံသတည်း။)