၁ ရာ 18:12Common Language Bibleရှောလုသည်ဒါဝိဒ်ကိုကြောက်၏။ အဘယ်ကြောင့် ဆိုသော် ထာဝရဘုရားသည်ဒါဝိဒ်နှင့်အတူ ရှိတော်မူ၍ မိမိကိုမူစွန့်ပယ်တော်မူပြီးဖြစ် သောကြောင့်တည်း။- အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ဘုရားသခင်သည်ကိုယ်တော့် လူစုတော်၏ ရန်သူများ၏အရိုးများကို ဖရိုဖရဲကွဲလွင့်စေတော်မူမည်ဖြစ်၍သူတို့သည် တစ်ခါမျှမခံစားခဲ့ဘူးသည့်ကြောက်ခြင်းမျိုး ဖြင့် အလွန်ကြောက်လန့်ကြလိမ့်မည်။ ဘုရားသခင်သည်သူတို့ကိုပစ်ပယ်တော်မူ ပြီဖြစ်၍ ဣသရေလအမျိုးသားတို့သည်လုံးဝအနိုင် ရကြလိမ့်မည်။
သို့ရာတွင်ပေါလုသည်ကောင်းမြတ်ခြင်း အကြောင်းနှင့် ကာမဂုဏ်ချုပ်တည်းခြင်း အကြောင်းကိုလည်းကောင်း၊ သက်ရောက်လတ္တံ့ သောတရားစီရင်တော်မူရာနေ့ရက် အကြောင်းကိုလည်းကောင်း ဟောပြောသော အခါဖေလဇ်သည်ကြောက်လန့်သဖြင့် ``ယခု သင်သွားနိုင်ပြီ။ နောင်အခွင့်ကြုံသည့်အခါ သင့်ကိုငါခေါ်ဦးမည်'' ဟုဆို၏။-
သူသည်သင့်ကိုဘေးအန္တရာယ်ပြုရန်ကြံစည် ပါမူ ကျွန်ုပ်သည်သင့်အားဘေးလွတ်လုံခြုံရာ သို့ထွက်ခွာသွားနိုင်ရန်အကြောင်းမကြားဘဲ နေခဲ့သော် ထာဝရဘုရားသည်ကျွန်ုပ်အား အဆုံးစီရင်တော်မူပါစေသော။ ထာဝရ ဘုရားသည်ကျွန်ုပ်၏ခမည်းတော်နှင့်အတူ ရှိတော်မူခဲ့သည်နည်းတူ သင်နှင့်အတူ ရှိတော်မူပါစေသော။-
ရှောလုက``သင်နှင့်ဒါဝိဒ်သည်အဘယ်ကြောင့် ငါ့အားလုပ်ကြံရန်လျှို့ဝှက်ကြံစည်ကြသနည်း။ သင်သည်အဘယ်ကြောင့်သူ့အားရိက္ခာနှင့်ဋ္ဌား ကိုပေးပါသနည်း။ အဘယ်ကြောင့်သူ၏အတွက် ထာဝရဘုရားထံသို့လျှောက်ထားပေးပါ သနည်း။ ယခုသူသည်ငါ့ကိုတော်လှန်လျက် နေလေပြီ။ ငါ့အားသတ်ရန်အခွင့်ကောင်း ကိုစောင့်ဆိုင်းလျက်နေပါသည်တကား'' ဟု မိန့်တော်မူ၏။
ရှမွေလသည်ရှောလုအား``သင်သည်အဘယ် ကြောင့်ငါ့ကိုနှောင့်ယှက်ပါသနည်း။ အဘယ် ကြောင့်ငါ့ကိုပြန်၍ခေါ်ယူပါသနည်း'' ဟုမေး၏။ ရှောလုက``အကျွန်ုပ်သည်ဒုက္ခအကြီးအကျယ် ရောက်လျက်နေပါ၏။ ဖိလိတ္တိအမျိုးသားတို့ သည်အကျွန်ုပ်နှင့်စစ်ဖြစ်လျက်ရှိပါသည်။ ထာဝရဘုရားကလည်းအကျွန်ုပ်ကိုစွန့် တော်မူပါပြီ။ ကိုယ်တော်သည်ပရောဖက် များအားဖြင့်သော်လည်းကောင်း၊ အိပ်မက် များအားဖြင့်သော်လည်းကောင်းအကျွန်ုပ် အားဖြေကြားတော်မမူပါ။ သို့ဖြစ်၍ အကျွန်ုပ်သည်အရှင့်ကိုခေါ်ယူရခြင်း ဖြစ်ပါသည်။ အကျွန်ုပ်အဘယ်သို့ပြုရ မည်ကိုမိန့်ကြားတော်မူပါ'' ဟုဆို၏။