သူ၏လက်ထိုးလှံအရိုးသည်ယက်ကန်းလက် လိပ်တန်တမျှကြီး၏။ သံလှံသွားမှာလည်း တစ်ဆယ့်ငါးပေါင်ခန့်လေးသည်။ သူ၏ဒိုင်း လွှားကိုကိုင်ဆောင်သူစစ်သည်ကသူ၏ရှေ့ မှသွားရ၏။-
ဣရှဗိဗေနုပ်ဟုနာမည်တွင်သောအလွန် ထွားကြိုင်းသူလူတစ်ယောက်သည် ဒါဝိဒ် အားလုပ်ကြံမည်ပြု၏။ သူသည်ဋ္ဌားတစ် လက်ကိုကိုင်ဆောင်ထား၏။ သူ၏ကြေးဝါ လှံသည်ခုနစ်ပေါင်လေး၏။ ဇေရုယာသား အဗိရှဲသည်ဒါဝိဒ်ကိုကူညီ၍ဖိလိတ္တိ လူကိုတိုက်သတ်လေ၏။-
ဂေါဘမြို့၌ပင်ဖိလိတ္တိအမျိုးသားတို့ နှင့်အခြားတိုက်ပွဲတစ်ခုဖြစ်ပြန်၏။ ထို တိုက်ပွဲတွင်ယာဣရ၏သား၊ ဗက်လင်မြို့ သားဧလဟာနန်သည်ဂါသမြို့သား ဂေါလျတ်ကိုသတ်ဖြတ်လိုက်၏။ ဂေါလျတ် ၏လှံရိုးသည်ယက်ကန်းလက်လိပ်တန် တမျှကြီးသတည်း။
အလွန်ကြီးမားသောလှံကိုဆောင်ထားသူ အမြင့်ခုနစ်ပေခွဲရှိ အီဂျစ်အမျိုးသား ကြီးတစ်ယောက်ကိုလည်းသတ်ခဲ့၏။ ဗေနာယ သည်တင်းပုတ်ဖြင့်တိုက်ခိုက်ကာသူ၏လက် မှလှံကြီးကိုလုယူလိုက်၏။ ထို့နောက်ထို လှံဖြင့်ပင်လျှင်သူ၏အားအဆုံးစီရင် လေတော့သည်။-
ဖိလိတ္တိအမျိုးသားတို့နှင့်အခြားတိုက်ပွဲ တစ်ရပ်ဖြစ်သေး၏။ ထိုတိုက်ပွဲတွင်ယာဣယ ၏သားဧလဟာနန်သည် ဂါသမြို့မှ ဂေါလျက်၏ညီလာခမိအားလုပ်ကြံ လိုက်၏။ ဧလဟာနန်လှံရိုးသည်ရက်ကန်း လက်လိပ်တမျှကြီးမားသတည်း။
ဂေါလျတ်သည်မိမိ၏ဒိုင်းလွှားကိုင်ဆောင် သူ၏နောက်မှနေ၍ ဒါဝိဒ်ရှိရာသို့ချဉ်း ကပ်လာ၏။-