သူသည်ဒါဝိဒ်ကိုသေချာစွာကြည့်သော အခါ ဒါဝိဒ်ကားရှုချင်ဖွယ်ကောင်းသည့် သူငယ်တစ်ယောက်မျှသာဖြစ်သည်ကိုတွေ့ ရှိရသောကြောင့် သူ့အားမထီလေးစားပြု လေသည်။-
မင်းကြီးက``ထိုသူတို့သည်တိုက်ခိုက်ရန်လာ သည်ဖြစ်စေ၊ စစ်ပြေငြိမ်းရန်လာသည်ဖြစ်စေ သူတို့အားအရှင်ရအောင်ဖမ်းဆီးကြလော့'' ဟုအမိန့်ပေးတော်မူ၏။
မာနသည်ပျက်စီးခြင်းအရင်၊ ထောင်လွှားသော သဘောသည် ရှုတ်ချခြင်း အရင်၌ နေရာကျတတ်၏။
သို့ဖြစ်၍ယေရှဲသည်ထိုသားကိုခေါ်စေ၏။ သူသည်တင့်တယ်လှပ၊ ကျန်းမာသန်စွမ်းသော လူငယ်လူရွယ်တစ်ဦးဖြစ်၏။ သူ၏မျက်စိ များသည်တောက်ပကြည်လင်၏။ ထာဝရ ဘုရားကရှမွေလအား``ငါရွေးချယ်သူ ကားဤသူပေတည်း။ သူ့အားဘိသိက်ပေး လော့'' ဟုမိန့်တော်မူ၏။-
ရှောလုက``အဘယ်သို့လျှင်သင်သည်သူနှင့် စစ်ထိုးနိုင်ပါမည်နည်း။ သင်သည်သူငယ်မျှ သာရှိသေး၏။ ထိုသူမူကားတစ်သက်လုံး စစ်သူရဲလုပ်ခဲ့သူဖြစ်၏'' ဟုဆိုသော်၊
ဂေါလျတ်သည်မိမိ၏ဒိုင်းလွှားကိုင်ဆောင် သူ၏နောက်မှနေ၍ ဒါဝိဒ်ရှိရာသို့ချဉ်း ကပ်လာ၏။-