၁ ရာ 17:39Common Language Bibleဒါဝိဒ်သည်သံချပ်အင်္ကျီအပေါ်တွင် ရှောလု ၏ဋ္ဌားကိုချိတ်ဆွဲကာလမ်းလျှောက်ကြည့်၏။ သို့ရာတွင်သံချပ်အင်္ကျီဝတ်ကျင့်မရှိသဖြင့် သူသည်လမ်းလျှောက်၍မရ။ ထို့ကြောင့်ရှောလု အား``အကျွန်ုပ်သည်ဤတန်ဆာမျိုးကိုဝတ် ကျင့်မရှိပါ'' ဟုလျှောက်ပြီးလျှင်ချွတ် လိုက်၏။- အခန်းကိုကြည့်ပါ။ |
ကောင်းကင်တမန်ကငါ့အား``သင်သည်ဇေရုဗ ဗေလသို့ထာဝရဘုရားပေးတော်မူသည့်ဤ ဗျာဒိတ်တော်ကိုပြန်ကြားလော့။ ကိုယ်တော်က သူ့အား`သင်သည်မိမိ၏တန်ခိုးစွမ်းရည်အား ဖြင့်သော်လည်းကောင်း၊ စစ်သည်ဗိုလ်ခြေအင်အား အားဖြင့်သော်လည်းကောင်းဤအမှုကိုပြု လိမ့်မည်မဟုတ်။ ငါ၏ဝိညာဉ်တော်တန်ခိုး တော်အားဖြင့်သာလျှင်ပြုနိုင်လိမ့်မည်'' ဟု အနန္တတန်ခိုးရှင်ထာဝရဘုရားမိန့်တော် မူ၏။-