Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 17:28

Common Language Bible

ထို​သူ​တို့​နှင့်​ဒါ​ဝိဒ်​ပြော​သော​စ​ကား​ကို အစ်​ကို​ကြီး​ဧ​လျာ​ဘ​ကြား​လျှင် အ​မျက် ထွက်​၍``သင်​သည်​အ​ဘယ်​ကြောင့်​ဤ​အ​ရပ် သို့​လာ​သ​နည်း။ တော​ကန္တာ​ရ​တွင်​သိုး​များ ကို​အ​ဘယ်​သူ​ထိန်း​ကျောင်း​လျက်​နေ​ပါ သ​နည်း။ သင်​၏​စိတ်​နေ​မြင့်​မှု၊ ဆိုး​ညစ်​ယုတ် မာ​မှု​ကို​ငါ​သိ​၏။ သင်​သည်​စစ်​ပွဲ​ကြည့် ရန်​လာ​ရောက်​ခြင်း​သာ​ဖြစ်​၏'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ယော​သပ်​၏​အစ်​ကို​တို့​က​သူ့​အား​မုန်း​တီး ကြ​၏။ သူ​၏​ဖ​ခင်​က​မူ​ထို​အ​ကြောင်း​ကို မှတ်​ကျုံး​ထား​လေ​၏။

ဖ​ခင်​က​ယော​သပ်​အား​သူ​တို့​ထက်​ပို​၍​ချစ် သ​ဖြင့်​သူ​၏​အစ်​ကို​တို့​သည် သူ့​အား​ကြင်​နာ သည့်​စ​ကား​တစ်​ခွန်း​ကို​မျှ​မ​ပြော​နိုင်​လောက် အောင်​ရွံ​မုန်း​ကြ​လေ​သည်။

အစ်​ကို​တို့​က``သင်​က​ငါ​တို့​အ​ပေါ်​မှာ​မင်း ပြု​လို​သ​လော။ ငါ​တို့​ကို​အုပ်​စိုး​မည်​လော''ဟု မေး​လေ​၏။ ထို​သို့​ယော​သပ်​သည်​သူ​၏​အိပ်​မက် အ​ကြောင်း​ကို​ဖော်​ပြ​မိ​သ​ဖြင့် သူ​တို့​က​သူ့ ကို​ပို​၍​ရွံ​မုန်း​ကြ​၏။

ရော​ဗောင်​သည်​မ​ဟာ​လတ်​နှင့်​စုံ​ဖက်​တော်​မူ ၏။ မ​ဟာ​လတ်​၏​ခ​မည်း​တော်​သည်​ဒါ​ဝိဒ်​၏ သား​ယေ​ရိ​မုတ်​ဖြစ်​၍​မယ်​တော်​မှာ​ယေ​ရှဲ ၏​မြေး၊ ဧ​လျာ​ဘ​၏​သ​မီး​အ​ဘိ​ဟဲ​လ ဖြစ်​၏။-

ဆိုး​ညစ်​သူ​တို့​သည်​ငါ​အ​ဘယ်​အ​ခါ​မျှ မ​ကူး​လွန်​သည့်​ပြစ်​မှု​များ​နှင့်​ငါ့​အား စွပ်​စွဲ​ကြ​၏။

အငြိုးထားသောညီအစ်ကိုသည် ခိုင်ခံ့သောမြို့ ထက် သာ၍ခက်၏။ ညီအစ်ကို ရန်တွေ့ခြင်းအမှုသည် ရဲတိုက်တံခါးကျင်ကဲ့သို့ ဖြစ်၏။

မာနသည်ကြမ်းကြုတ်သော သဘောရှိ၏။ ဒေါသသည် ပြင်းထန်တတ်၏။ ငြူစူသောစိတ်ကိုကား၊ အဘယ်သူဆီး၍ ခံနိုင်သနည်း။

တဖန် ကြိုးစားအားထုတ်ခြင်းအမှုနှင့်၊ ကောင်း မွန်စွာ ပြီးစီးသောအမှု အလုံးစုံတို့ကို၎င်း၊ ထိုသို့သော အမှုတို့ကြောင့် သူတပါး ငြူစူကြောင်းကို၎င်း ငါဆင်ခြင် ၏။ ထိုအမှုအရာသည် အနတ္တအမှု၊ လေကို ကျက်စား သောအမှုဖြစ်၏။

လူ​တစ်​ဦး​တစ်​ယောက်​၏​အ​ဆိုး​ဆုံး​ရန်​သူ​များ ကား သူ​၏​အိမ်​သူ​အိမ်​သား​များ​ပင်​ဖြစ်​လိမ့်​မည်။-

ထို​သူ​တို့​မ​နာ​လို​၍​ယေ​ရှု​အား​မိ​မိ​လက်​သို့ အပ်​နှံ​ကြ​ကြောင်း​ကို​ပိ​လတ်​မင်း​သိ​သ​တည်း။

လူ​အ​ချို့​တို့​က ``ကိုယ်​တော်​သည်​စိတ်​ဖောက်​ပြန် သွား​ပြီ'' ဟု​ပြော​ဆို​နေ​ကြ​၏။ ဤ​အ​ကြောင်း​ကို ကိုယ်​တော်​၏​မိ​သား​စု​တို့​ကြား​ကြ​လျှင် ကိုယ်​တော် ကို​စောင့်​ရှောက်​ရန်​အ​ထံ​တော်​သို့​လိုက်​လာ​ကြ​၏။

သို့​ရာ​တွင်​ဤ​သူ​တို့​သည်​ကား မိ​မိ​တို့ မ​သိ​နား​မ​လည်​သည့်​အ​ရာ​ဟူ​သ​မျှ​ကို ပြစ်​တင်​ရှုတ်​ချ​တတ်​ကြ​၏။ တော​တိ​ရ​စ္ဆာန် များ​နည်း​တူ မိ​မိ​တို့​၏​ပင်​ကိုယ်​ဇာတိ​စိတ် အား​ဖြင့်​သိ​ရှိ​နား​လည်​ရ​သည့်​အ​ရာ​များ က​လည်း သူ​တို့​အား​ဆုံး​ရှုံး​ပျက်​စီး​စေ တတ်​ကြ​၏။-

ရှ​မွေ​လ​သည်​သံ​လွင်​ဆီ​ကို​ယူ​၍​ဒါဝိဒ်​အား သူ​၏​အစ်​ကို​များ​ရှေ့​တွင်​ဘိ​သိက်​ပေး​လေ သည်။ ထို​နေ့​မှ​အ​စ​ပြု​၍​ဘု​ရား​သ​ခင်​၏ ဝိ​ညာဉ်​တော်​သည် ဒါ​ဝိဒ်​အ​ပေါ်​သို့​သက်​ရောက် တည်​နေ​တော်​မူ​၏။ ထို​နောက်​ရှ​မွေ​လ​သည် ရာ​မ​မြို့​သို့​ပြန်​လေ​၏။

သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``ထို​သူ​၏ အ​ရပ်​အ​မောင်း​ကောင်း​မှု​နှင့်​တင့်​တယ် လှ​ပ​မှု​တို့​ကို​မ​ကြည့်​နှင့်။ ငါ​သည်​လူ​တို့ ကဲ့​သို့​အ​ကဲ​ဖြတ်​သည်​မ​ဟုတ်။ သို့​ဖြစ်​၍ သူ့​ကို​ငါ​ပယ်​ပြီ။ လူ​သည်​ပြင်​ပ​သဏ္ဌာန်​ကို ကြည့်​တတ်​၏။ ငါ​မူ​ကား​စိတ်​နှ​လုံး​ကို ကြည့်​၏'' ဟု​မိန့်​တော်​မူ​၏။

ဒါ​ဝိဒ်​က``အ​ကျွန်ုပ်​သည်​အ​ဘယ်​အ​မှု​ကို ပြု​မိ​ပါ​သ​နည်း။ မေး​ခွန်း​တစ်​ခု​ကို​မျှ​မေး နိုင်​ခွင့်​မ​ရှိ​ပါ​သ​လော'' ဟု​ဆို​၍၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ