၁ ရာ 17:13Common Language Bibleသူ၏သားကြီးသုံးယောက်သည်ရှောလုနှင့်အတူ တိုက်ပွဲဝင်ရန်လိုက်သွားကြ၏။ အကြီးဆုံး သည်ဧလျာဘ၊ ဒုတိယသားမှာအဘိနဒပ်၊ တတိယသားကားရှိမာဖြစ်၏။- အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ဒါဝိဒ်၏အစ်ကိုရှိမာ၏သား ယောနဒပ်က``အရှင်မင်းကြီး၊ အရှင်၏သား တော်အားလုံးကိုသတ်လိုက်ကြသည်မဟုတ် ပါ။ အာမနုန်တစ်ယောက်တည်းကိုသာသတ် ခြင်းဖြစ်ပါသည်။ အဗရှလုံသည်မိမိ၏ နှမတော်တာမာကိုအာမနုန်မတရား ပြုကျင့်သည့်နေ့မှစ၍ ဤအမှုကိုပြုရန် စိတ်ပိုင်းဖြတ်ထားကြောင်းသူ၏မျက်နှာ တွင်ပေါ်ပါ၏။-
ထိုသူတို့နှင့်ဒါဝိဒ်ပြောသောစကားကို အစ်ကိုကြီးဧလျာဘကြားလျှင် အမျက် ထွက်၍``သင်သည်အဘယ်ကြောင့်ဤအရပ် သို့လာသနည်း။ တောကန္တာရတွင်သိုးများ ကိုအဘယ်သူထိန်းကျောင်းလျက်နေပါ သနည်း။ သင်၏စိတ်နေမြင့်မှု၊ ဆိုးညစ်ယုတ် မာမှုကိုငါသိ၏။ သင်သည်စစ်ပွဲကြည့် ရန်လာရောက်ခြင်းသာဖြစ်၏'' ဟုဆို၏။