ထိုနောက်ယေရှဲသည်မိမိသားအဘိနဒပ် ကိုရှမွေလထံသို့ခေါ်ခဲ့၏။ သို့ရာတွင် ရှမွေလက``သူ့ကိုလည်းထာဝရဘုရား ရွေးချယ်တော်မမူ'' ဟုဆို၏။-
ရှောလမုန်၏သမီးတော်တာဖတ်နှင့်စုံဖက်သည့် ဗင်အဘိနဒပ်၊ဒေါရနယ်မြေတစ်ခုလုံး၊
ယေရှဲတွင်သားခုနစ်ယောက်ရှိ၏။ သူတို့အား ကြီးစဉ်ငယ်လိုက်ဖော်ပြရသော်ဧလျာဘ၊ အဘိနဒပ်၊ ရှိမာ၊-
သူ၏သားကြီးသုံးယောက်သည်ရှောလုနှင့်အတူ တိုက်ပွဲဝင်ရန်လိုက်သွားကြ၏။ အကြီးဆုံး သည်ဧလျာဘ၊ ဒုတိယသားမှာအဘိနဒပ်၊ တတိယသားကားရှိမာဖြစ်၏။-
သို့ဖြစ်၍ကိရယတ်ယာရိမ်မြို့သားတို့သည် လာ၍သေတ္တာတော်ကိုတောင်ကုန်းပေါ်တွင်တည် ရှိသော အဗိနဒပ်၏အိမ်သို့ပင့်ဆောင်သွား ကြ၏။ သူတို့သည်သေတ္တာတော်ကိုစောင့်ထိန်း ရန်အတွက် အဗိနဒပ်၏သားဧလာဇာကို ရွေးချယ်ဆက်ကပ်ကြ၏။