၁ ရာ 15:22Common Language Bibleရှမွေလက``ထာဝရဘုရားသည်မီးရှို့ ရာယဇ်အစရှိသည့်ပူဇော်သကာများ ဆက်သမှုနှင့် မိမိ၏အမိန့်တော်နာခံ မှုတို့အနက်မည်သည်ကိုပို၍နှစ်သက်တော် မူပါသနည်း။ နာခံခြင်းသည်အဆူဖြိုး ဆုံးသိုးကိုယဇ်ပူဇော်ခြင်းထက်ပို၍မြတ်၏။- အခန်းကိုကြည့်ပါ။ |
ထိုပဋိညာဉ်သည်သူတို့၏ဘိုးဘေးများအား သံမီးဖိုကြီးနှင့်တူသောအီဂျစ်ပြည်မှ ငါ ထုတ်ဆောင်လာစဉ်အခါကချုပ်ဆိုခဲ့သည့် ပဋိညာဉ်ဖြစ်၏။ ငါသည်ထိုသူတို့အားငါ့ စကားကိုနားထောင်ကြရန်၊ ငါခိုင်းစေသမျှ သောအမှုတို့ကိုပြုလုပ်ကြရန်မှာကြားခဲ့ ၏။ အကယ်၍သူတို့သည်ငါ၏စကားကို နားထောင်ကြမည်ဆိုပါမူ ငါ၏လူမျိုး တော်ဖြစ်ရကြလျက်၊ ငါသည်လည်းသူတို့ ၏ဘုရားဖြစ်တော်မူမည်။-
``ကြောင်သူတော်ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် ပင်စိမ်း၊စမွတ်နှင့်ဇီယာတို့ကိုဆယ်ဖို့တစ်ဖို့ ပေးလှူကြသော်လည်းတရားမျှတမှု၊ သနား ကြင်နာမှု၊ ရိုးသားဖြောင့်မတ်မှုစသည့်ပညတ် ကျမ်းမှအကယ်ပင်အရေးကြီးသောသွန်သင် ချက်များကိုမူကားလျစ်လူပြုကြ၏။-
ဘုရားသခင်အားစိတ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိ သမျှ၊ ကိုယ်စွမ်းရှိသမျှဖြင့်ချစ်ရမည်။ အိမ်နီး ချင်းကိုကိုယ်နှင့်အမျှချစ်ရမည်ဟူသောပညတ် နှစ်ပါးကိုလိုက်နာခြင်းသည် ဘုရားသခင်အား ပူဇော်သည့်မီးရှို့ရာယဇ်နှင့်အခြားယဇ်အပေါင်း တို့ထက်ပို၍မြတ်ပါ၏'' ဟုကိုယ်တော်အား လျှောက်ထား၏။
သို့ဖြစ်၍သူတို့သည်အကျွန်ုပ်ရှိရာဂိလ ဂါလမြို့သို့ ချီတက်တိုက်ခိုက်ကြလိမ့်မည် ဟူ၍လည်းကောင်း၊ အကျွန်ုပ်သည်လည်းထာ ဝရဘုရား၏ထံတော်၌ အသနားမခံ ရသေးဟူ၍လည်းကောင်းအကျွန်ုပ်တွေးတော မိပါ၏။ ထို့ကြောင့်ယဇ်ကိုမပူဇော်လျှင် မဖြစ်တော့သဖြင့်ပူဇော်ရခြင်းဖြစ်ပါ သည်'' ဟုလျှောက်၏။