၁ ရာ 15:16Common Language Bibleရှမွေလက``နားထောင်လော့။ ထာဝရဘုရား သည် ငါ့အားယမန်နေ့ညကအဘယ်သို့ မိန့်တော်မူသည်ကိုသင့်အားငါဖော်ပြမည်'' ဟုဆိုလျှင်ရှောလုက``အမိန့်ရှိပါ'' ဟုဆို၏။ အခန်းကိုကြည့်ပါ။ |
ထိုနောက်ဗာဗုလုန်ဘုရင်၏တပ်မတော် သည် ယေရုရှလင်မြို့ကိုတိုက်ခိုက်လျက်နေ စဉ်ပရောဖက်ယေရမိသည် ထိုအကြောင်း အရာအလုံးစုံကိုဇေဒကိအားဆင့်ဆို ပြန်ကြား၏။ ဗာဗုလုန်တပ်မတော်သည် ယုဒပြည်ရှိခံတပ်မြို့များအနက် ကျန် ရှိသေးသည့်မြို့များဖြစ်သောလာခိရှ မြို့နှင့်အဇေကာမြို့တို့ကိုလည်းတိုက် ခိုက်လျက်နေသတည်း။
ရှောလုက``အကျွန်ုပ်၏လူတို့သည်ထိုသိုး နွားများကိုအာမလက်အမျိုးသားတို့ထံ မှသိမ်းယူခဲ့ကြပါ၏။ သူတို့သည်အဆူ ဖြိုးဆုံးသောသိုးနွားတို့ကို အရှင်ဘုရားသခင်ထာဝရဘုရားအားယဇ်ပူဇော်ရန် ထားရှိကြပါ၏။ အခြားကျန်ရှိသည့် အရာများကိုမူလုံးဝဖျက်ဆီး လိုက်ကြပါပြီ'' ဟုဖြေကြား၏။
သူတို့သည်မြို့စွန်မြို့ဖျားသို့ရောက်သောအခါ ရှမွေလသည်ရှောလုအား``သင်၏အစေခံကိုငါ တို့ရှေ့ကသွားနှင့်ရန်ပြောကြားလော့'' ဟုဆို၏။ အစေခံသည်လည်းသွားနှင့်၏။ ထိုအခါရှမွေလ က``ဤတွင်ခေတ္တရပ်နားလော့။ ထာဝရဘုရား၏ အမိန့်တော်ကိုသင့်အားငါဖော်ပြပေအံ့'' ဟု ဆို၏။