၁ ရာ 14:7Common Language Bibleလူငယ်က``အရှင်အလိုရှိရာပြုတော်မူ ပါ။ အကျွန်ုပ်သည်အရှင်နှင့်အတူလိုက် ပါမည်'' ဟုဆိုလျှင်၊ အခန်းကိုကြည့်ပါ။ |
ထိုအခါသူသည်မိမိ၏လက်နက်ကိုကိုင် ဆောင်သောလူငယ်အား အလျင်အမြန်ခေါ် ပြီးလျှင်``သင်၏ဋ္ဌားကိုဋ္ဌားအိမ်မှထုတ်၍ ငါ့ကိုသတ်လော့။ ငါသည်အမျိုးသမီး၏ လက်ချက်ဖြင့်သေရသည်ဟူ၍အပြောမခံ လို'' ဟုဆို၏။ သို့ဖြစ်၍လူငယ်သည်အဘိ မလက်အားဋ္ဌားနှင့်ထိုး၍သတ်လိုက်လေ သည်။-
ယောနသန်ကလူငယ်အား``ဘုရားမဲ့သူ ဖိလိတ္တိအမျိုးသားတို့၏တပ်စခန်းကို ငါတို့ဝင်ရောက်ကြစို့။ ထာဝရဘုရား သည်ငါတို့အားကူမကောင်းကူမလိမ့်မည်။ အကယ်၍ကိုယ်တော်ကူမတော်မူပါလျှင် ငါတို့သည်အဘယ်မျှပင်အရည်အတွက် အားဖြင့်နည်းသော်လည်းအောင်ပွဲကိုရရှိ ကြမည်'' ဟုဆို၏။