Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 14:52

Common Language Bible

ရှော​လု​သည်​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး ဖိလိတ္တိ​အ​မျိုး​သား​တို့​နှင့်​အ​ပြင်း​အ​ထန်​တိုက် ပွဲ​ဝင်​ခဲ့​ရ​၏။ ထို့​ကြောင့်​သူ​သည်​ခွန်​အား​ကြီး သူ​သို့​မ​ဟုတ်​ရဲ​စွမ်း​သတ္တိ​ရှိ​သူ​ကို​တွေ့​ရှိ​ရ သည့်​အ​ခါ​တိုင်း မိ​မိ​၏​တပ်​မ​တော်​တွင်​ဝင် ရောက်​အ​မှု​ထမ်း​စေ​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

4 ပူးပေါင်းရင်းမြစ်များ  

ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​တိုက်​ခိုက်​ရန်​စု​ဝေး ကြ​၏။ သူ​တို့​မှာ​စစ်​ရ​ထား​သုံး​သောင်း၊ မြင်း စီး​သူ​ရဲ​ခြောက်​ထောင်​နှင့်​သ​မုဒ္ဒ​ရာ​သဲ​လုံး ကဲ့​သို့​မ​ရေ​မ​တွက်​နိုင်​အောင် များ​ပြား​သော စစ်​သည်​တပ်​သား​များ​ရှိ​သ​တည်း။ သူ​တို့ သည်​ချီ​တက်​၍​ဗေ​သ​ဝင်​မြို့​အ​ရှေ့​ဘက် ရှိ​မိတ်​မတ်​မြို့​တွင်​စ​ခန်း​ချ​ကြ​၏။-

ရှော​လု​သည်​ဣ​သ​ရေ​လ​ပြည်​တွင်​နန်း​တက် ပြီး​နောက် နေ​ရာ​အ​နှံ့​အ​ပြား​တွင်​ရန်​သူ များ​ဖြစ်​ကြ​သော​မော​ဘ​ပြည်​သား​များ၊ အမ္မုန်​ပြည်​သား​များ​နှင့်​ဧ​ဒုံ​ပြည်​သား များ​ကို​လည်း​ကောင်း၊ ဇောဘ​မင်း​များ​နှင့် ဖိ​လိတ္တိ​အ​မျိုး​သား​များ​ကို​လည်း​ကောင်း စစ်​တိုက်​ရ​လေ​သည်။ သူ​သည်​မည်​သည့် အ​ရပ်​တွင်​တိုက်​ပွဲ​ဖြစ်​သည်​မ​ဆို​အောင် မြင်​သည် သာ​ဖြစ်​၏။-

ရှ​မွေ​လ​သည်​အို​မင်း​၍​လာ​သော​အ​ခါ​မိ​မိ ၏​သား​များ​အား ဣ​သ​ရေ​လ​ပြည်​တွင်​တ​ရား သူ​ကြီး​များ​အ​ဖြစ်​ခန့်​ထား​၏။-

သူ​က``သင်​တို့​ကို​အုပ်​စိုး​သော​ဘု​ရင်​သည် သင်​တို့​သား​များ​ကို​စစ်​မှု​ထမ်း​စေ​လိမ့်​မည်။ အ​ချို့​သော​သူ​တို့​ကို​ရ​ထား​တပ်​၌​လည်း ကောင်း၊ အ​ချို့​ကို​မြင်း​တပ်​၌​လည်း​ကောင်း၊ အ​ချို့​ကို​အ​ထူး​ထိုး​စစ်​ဆင်​ရာ​တပ်​များ ၌​လည်း​ကောင်း​အ​မှု​ထမ်း​စေ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ