၁ ရာ 14:44Common Language Bibleရှောလုက``ငါသည်သင့်အားသေဒဏ်မပေး ခဲ့သော် ဘုရားသခင်သည်ငါ့အားအဆုံး စီရင်တော်မူပါစေသော'' ဟုဆို၏။ အခန်းကိုကြည့်ပါ။ |
ထိုမြို့မှလူတို့အားခေါ်ဆောင်ကာ လွှ၊ ပေါက် တူး၊ ပုဆိန်တို့ဖြင့်လုပ်ကိုင်ရသောအလုပ် ကြမ်းကိုလည်းကောင်း၊ အုတ်ဖုတ်သောအလုပ် ကိုလည်းကောင်းလုပ်စေတော်မူ၏။ မင်းကြီး သည်အမ္မုန်ပြည်၏အခြားမြို့များမှလူတို့ ကိုလည်းဤနည်းအတိုင်းပင်လုပ်ကိုင်စေ တော်မူ၏။ ထိုနောက်သူနှင့်သူ၏လူတို့ သည်ယေရုရှလင်မြို့သို့ပြန်သွားကြ၏။
ထာဝရဘုရားသည်ရှောလုနှင့်သူ၏သား မြေးများထံမှနိုင်ငံတော်ကိုရုပ်သိမ်း၍ ဒါဝိဒ်အားနိုင်ငံတစ်စွန်းမှတစ်စွန်းတိုင်အောင် ဣသရေလပြည်နှင့်ယုဒပြည်တို့၏ဘုရင် အဖြစ်ခန့်ထားတော်မူမည်ဟုကတိပြုတော် မူခဲ့၏။ ယခုငါသည်ထိုကတိတော်အကောင် အထည်ပေါ်စေရန်မဆောင်ရွက်ပါမူ ဘုရားသခင်သည်ငါ့အားအပြစ်ဒဏ်ခတ်တော်မူ ပါစေသော'' ဟုဆို၏။-
ယေဖသသည်သူ့ကိုမြင်သောအခါစိတ် မချမ်းမသာဖြစ်လျက် မိမိအဝတ်ကိုဆွဲ ဆုတ်ကာ``အို ငါ့သမီး၊ သင်သည်ငါ၏စိတ်နှလုံး ကိုကြေကွဲစေလေပြီ။ ငါ့အားစိတ်ဝေဒနာ ခံစားစေသူမှာအဘယ်ကြောင့်သင်ဖြစ်ရ ပါသနည်း။ ငါသည်ထာဝရဘုရားအား ကြီးလေးသည့်သစ္စာကတိကိုပြန်လည်ရုတ် သိမ်း၍မရတော့ပါ'' ဟုပြော၏။
မိခင်သေရာအရပ်တွင်ကျွန်မသေပါ မည်။ ထိုအရပ်တွင်သင်္ဂြိုဟ်ခြင်းကိုခံပါမည်။ အကယ်၍ကျွန်မသည် သေခြင်းမှတစ်ပါး အခြားအကြောင်းတစ်ခုခုကြောင့် မိခင်နှင့် ခွဲခွာခဲ့လျှင်ဘုရားသခင်သည် ကျွန်မအား အဆိုးရွားဆုံးသောအပြစ်ဒဏ်ကိုပေး တော်မူပါစေသော'' ဟုပြန်ပြောလေသည်။