Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 14:38

Common Language Bible

ထို​အ​ခါ​ရှောလု​သည်​လူ​တို့​၏​ခေါင်း​ဆောင် များ​အား``ချဉ်း​ကပ်​လာ​ကြ​လော့။ ယ​နေ့​ငါ တို့​အ​ဘယ်​အ​ပြစ်​ကို​ကူး​လွန်​မိ​ကြ​သည် ကို​စစ်​ဆေး​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

လူ​တို့​က``အ​ရှင်၊ အ​ကျွန်ုပ်​တို့​နှင့်​အ​တူ ကြွ​တော်​မ​မူ​ပါ​နှင့်။ အ​ကယ်​၍​အ​ကျွန်ုပ် တို့​အား​လုံး​ပင်​တပ်​လန့်​ထွက်​ပြေး​ကြ သော်​လည်း​ကောင်း၊ အ​ကျွန်ုပ်​တို့​အ​နက် ထက်​ဝက်​မျှ​ပင်​ကျ​ဆုံး​သွား​သော်​လည်း ကောင်း၊ ရန်​သူ​အ​တွက်​အ​ဘယ်​သို့​မျှ ထူး​ခြား​မှု​ရှိ​မည်​မ​ဟုတ်​ပါ။ အ​ရှင် သည်​ကား​အ​ကျွန်ုပ်​တို့​လူ​တစ်​သောင်း လောက်​တန်​ဖိုး​ရှိ​ပါ​၏။ အ​ရှင်​သည်​မြို့ ထဲ​တွင်​နေ​ရစ်​၍​အ​ကျွန်ုပ်​တို့​အား​စစ် ကူ​ပို့​ပေး​ပါ​က​ပို​၍​ကောင်း​ပါ​လိမ့် မည်'' ဟု​လျှောက်​ထား​ကြ​၏။

တိုင်း​နိုင်​ငံ​တို့​ကို​အုပ်​စိုး​သည့်​မင်း​တို့​သည် လာ​၍ အာ​ဗြ​ဟံ​ကိုး​ကွယ်​သော​ထာ​ဝ​ရ​ဘု​ရား​၏ လူ​စု​တော်​နှင့်​အ​တူ​စု​ဝေး​ကြ​ကုန်​၏။ ကိုယ်​တော်​သည်​လော​က​စစ်​တပ်​ရှိ​သ​မျှ​တို့ ထက် တန်​ခိုး​ကြီး​တော်​မူ​၏။ ကိုယ်​တော်​သည်​တန်​ခိုး​အ​ကြီး​ဆုံး​ဘု​ရင် ဖြစ်​တော်​မူ​ပါ​၏။

သူ​တို့​အ​ထဲ​မှ​မင်း​များ၊ ခေါင်း​ဆောင်​များ၊ တပ်​မှူး​များ​အ​စ​ရှိ​သည်​တို့​ပေါ်​ထွန်း လာ​မည်။-

ငါ​သည်​အ​နာ​ဂတ်​ကို​မျှော်​ကြည့်​သော​အ​ခါ ဣ​သ​ရေ​လ​နိုင်​ငံ​ကို​ငါ​မြင်​ရ​၏။ ထို​နိုင်​ငံ​တွင်​ရှင်​ဘု​ရင်​တစ်​ပါး​သည်​တောက်​ပ​သော ကြယ်​သ​ဖွယ်​ပေါ်​ထွန်း​လာ​လိမ့်​မည်။ ထို​ဘု​ရင်​သည်​ကြယ်​တံ​ခွန်​သ​ဖွယ် ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​ပေါ်​ထွန်း​လိမ့်​မည်။ သူ​သည်​မော​ဘ​အ​မျိုး​သား​ခေါင်း​ဆောင်​တို့​ကို တိုက်​ခိုက်​ချေ​မှုန်း​၍ ရှေ​သ​အ​နွယ်​ဝင်​တို့​ကို​နှိမ်​နင်း​လိမ့်​မည်။

သ​ခင်​ယေ​ရှု​က ``တိုက်​တည်​သူ​တို့​ပယ်​ထား​သော​ကျောက်​သည် အ​ရေး​အ​ကြီး​ဆုံး​သော​ထောင့်​ချုပ်​ကျောက်​ဖြစ် လာ​ရ​၏။ ဤ​အ​မှု​သည်​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော အ​မှု​ဖြစ်​၏။ ငါ​တို့​မျက်​မှောက်​တွင်​အံ့​သြ​ဖွယ်​ရာ​ဖြစ်​လေ​စွ' ဟူ​သော​ကျမ်း​စ​ကား​ကို​သင်​တို့​မ​ဖတ်​ဖူး ကြ​သ​လော။

သင်​တို့​သည်​လည်း​တ​မန်​တော်​များ​နှင့်​ပ​ရော​ဖက် များ​ချ​မှတ်​ခဲ့​သည့်​တိုက်​မြစ်​အ​ပေါ်​တွင်​တည် ဆောက်​လျက်​ရှိ​သည့်​အ​ဆောက်​အ​အုံ​ဖြစ်​ကြ​၏။ ထို​အ​ဆောက်​အ​အုံ​၏​အ​ရေး​အ​ကြီး​ဆုံး​သော ထောင့်​ချုပ်​ကျောက်​ကား​ခ​ရစ်​တော်​ယေ​ရှု​ပင်​ဖြစ် သ​တည်း။-

ဣ​သ​ရေ​လ​အမျိုး​သား​တို့​သည်​အ​ပြစ် ကူး​လွန်​ခဲ့​ကြ​ပြီ။ သူ​တို့​သည်​ငါ​ပေး​သော အ​မိန့်​ကို​မ​လိုက်​နာ​ကြ။ သူ​တို့​သည်​ဖျက် ဆီး​ပစ်​ရ​မည့်​ပစ္စည်း​အ​ချို့​ကို​သိမ်း​ယူ​ထား ကြ​ပြီ။ ထို​ပစ္စည်း​များ​ကို​ခိုး​ယူ​၍​မု​သား ပြော​ဆို​လျက်​မိ​မိ​တို့​၏​ပစ္စည်း​များ​နှင့် ရော​နှော​ထား​ကြ​ပြီ။-

ထို​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရန်​သူ​များ​ကို​ယှဉ်​ပြိုင်​၍​မ​တိုက်​နိုင်​ကြ။ သူ တို့​ကိုယ်​တိုင်​ဖျက်​ဆီး​ခြင်း​ခံ​ရ​မည့်​သူ​များ ဖြစ်​၍ ရန်​သူ​များ​ထံ​မှ​ဆုတ်​ခွာ​ခဲ့​ရ​ကြ​၏။ သင်​တို့​ကို​မ​ယူ​ရ​ဟု​ငါ​ပညတ်​သော်​လည်း သင်​တို့​ယူ​ထား​သော​ပစ္စည်း​များ​ကို​ဖျက်​ဆီး မ​ပစ်​လျှင် ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော် မူ​မည်​မ​ဟုတ်။-

စု​ရုံး​ရောက်​ရှိ​လာ​ကြ​သော​ဘု​ရား​သ​ခင် ၏​လူ​မျိုး​တော်​တွင် ဣ​သ​ရေ​လ​အ​နွယ် အ​ပေါင်း​တို့​၏​ခေါင်း​ဆောင်​များ​ပါ​ဝင် ကြ​၏။ မိ​ဇ​ပါ​မြို့​၌​ခြေ​လျင်​တပ်​သား ပေါင်း​လေး​သိန်း​မျှ​စု​ရုံး​လျက်​ရှိ​သ​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ