၁ ရာ 14:20Common Language Bibleထိုနောက်သူနှင့်သူ၏တပ်သားများသည် ရှုပ်ထွေးနေသည့်အခြေအနေတွင် အချင်း ချင်းခုတ်နေကြသောဖိလိတ္တိအမျိုးသား တို့အားဝင်ရောက်တိုက်ခိုက်လေသည်။- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက``ငါသည်အီဂျစ်ပြည်တွင် ပြည်တွင်းစစ်ဖြစ်စေရန်လှုံ့ဆော်၍ညီအစ်ကို အချင်းချင်း၊ အိမ်နီးချင်းအချင်းချင်းခိုက် ရန်ဖြစ်ပွားစေမည်။ ဂုဏ်ပြိုင်ဘက်မြို့များသည် လည်းကောင်း၊ ဂုဏ်ပြိုင်ဘက်မင်းတို့သည်လည်း ကောင်း၊ အချင်းချင်းတိုက်ခိုက်ကာအာဏာ လုကြလိမ့်မည်။-
ဂိဒေါင်၏တပ်သားတို့တံပိုးခရာများကို မှုတ်ကြစဉ်အခါ၌ ထာဝရဘုရားသည် ရန်သူတို့အားအချင်းချင်းဋ္ဌားလက်နက် ဖြင့်တိုက်ခိုက်စေတော်မူ၏။ သူတို့သည်ဇေရ ရတ်အရပ်သို့ဦးတည်လျက်ဗက်ရှိတ္တမြို့သို့ တိုင်အောင်လည်းကောင်း၊ တဗ္ဗတ်မြို့အနီးအာ ဗေလမဟောလမြို့သို့တိုင်အောင်လည်း ကောင်းထွက်ပြေးကြလေသည်။
``နက်ဖြန်ဤအချိန်လောက်၌ဗင်္ယာမိန်အနွယ် ဝင်လူတစ်ယောက်ကို သင့်ထံသို့ငါစေလွှတ် လိုက်မည်။ သူ့အားဣသရေလအမျိုးသား တို့၏ဘုရင်အဖြစ်ဘိသိက်ပေးလော့။ သူသည် ငါ၏လူမျိုးတော်ကိုဖိလိတ္တိအမျိုးသား တို့၏ဘေးမှကာကွယ်စောင့်ရှောက်လိမ့်မည်။ ငါသည်မိမိလူမျိုးတော်၏ဆင်းရဲဒုက္ခကို မြင်ရပြီ။ သူတို့ဟစ်အော်၍အကူအညီ တောင်းခံသံများကိုလည်းကြားရပြီ'' ဟု မိန့်တော်မူ၏။