Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 14:18

Common Language Bible

ရှော​လု​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ဟိ​ယ အား``သင်​တိုင်း​တော်​ကို ဤ​နေ​ရာ​သို့​ယူ​ခဲ့​လော့'' ဟု​ဆို​၏။ (ထို နေ့​၌​အ​ဟိ​ယ​သည်​သင်​တိုင်း​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ရှေ့​မှ​သယ် ဆောင်​လျက်​ရှိ​သ​တည်း။-)

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ဥ​ရိ​ယ​က``ဣ​သ​ရေ​လ​ပြည်​သား​နှင့်​ယု​ဒ ပြည်​သား​တို့​သည် ရပ်​ဝေး​တွင်​စစ်​တိုက်​လျက် ရှိ​နေ​ကြ​ပါ​သည်။ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​သည် လည်း​သူ​တို့​နှင့်​အ​တူ​ရှိ​ပါ​၏။ အ​ကျွန်ုပ်​၏ ဗိုလ်​ချုပ်​ယွာ​ဘ​နှင့်​တပ်​မှူး​များ​သည်​လည်း ကွင်း​ပြင်​ထဲ​တွင်​တပ်​စ​ခန်း​ချ​လျက်​နေ​ရ ကြ​ပါ​၏။ အ​ဘယ်​သို့​လျှင်​အ​ကျွန်ုပ်​သည် အိမ်​သို့​ပြန်​၍​စား​သောက်​ကာ​မ​ယား​နှင့် ပျော်​မွေ့​နိုင်​ပါ​မည်​နည်း။ အ​ကျွန်ုပ်​သည် ထို​သို့​မ​ပြု​နိုင်​ကြောင်း​ကျိန်​ဆို​ပါ​၏'' ဟု​လျှောက်​၏။

ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​သည်​ဥ​ရိမ်​နှင့် သု​မိန်​ကို​အ​သုံး​ပြု​၍ ငါ​၏​အ​လို​တော်​ကို သိ​နိုင်​မည်။ သို့​ဖြစ်​၍​ယော​ရှု​သည်​ဧ​လာ​ဇာ ကို​အား​ကိုး​မည်။ ဤ​နည်း​အား​ဖြင့်​ဧ​လာ​ဇာ သည်​ယော​ရှု​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ ပေါင်း​တို့​ကို အ​ရေး​ကိစ္စ​ရှိ​သ​မျှ​တို့​၌​သွန် သင်​လမ်း​ပြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဗေ​သ​လ မြို့​ရှိ​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​တော်​သို့​သွား ၍``ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​အား​မည်​သည့် အ​နွယ်​ဝင်​များ​က​ဦး​စွာ​ပ​ထ​မ​တိုက်​ခိုက် ရ​ပါ​မည်​နည်း'' ဟု​ဘု​ရား​သ​ခင်​အား​လျှောက် ထား​မေး​မြန်း​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​အ​နွယ်​ဝင်​များ'' ဟူ​၍​ဖြေ​ကြား​တော်​မူ​၏။

ထို့​အ​ခါ​ရှော​လု​က​မိ​မိ​၏​လူ​တို့​အား``တပ် တွင်း​မှ​ပျောက်​နေ​သူ​ကို​သိ​ရှိ​နိုင်​ရန်​စစ် သည်​တို့​ကို​စစ်​ဆေး​ကြည့်​လော့'' ဟု​အမိန့် ပေး​သည်​အ​တိုင်း​စစ်​ဆေး​ကြည့်​ကြ​ရာ ယော​န​သန်​နှင့်​သူ​၏​လက်​နက်​သယ်​ဆောင် သူ​လူ​ငယ်​တို့​မ​ရှိ​ကြောင်း​တွေ့​ရ​ကြ​၏။-

ရှော​လု​သည်​မိ​မိ​၏​လူ​တို့​အား``ငါ​တို့​သည် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​ညဥ့်​အ​ခါ သွား ရောက်​တိုက်​ခိုက်​ကြ​ကုန်​အံ့။ မိုး​လင်း​သည်​တိုင် အောင်​သူ​တို့​အား​လု​ယက်​၍​တစ်​ယောက်​မ​ကျန် သုတ်​သင်​ပစ်​ကြ​ကုန်​အံ့'' ဟု​မိန့်​တော်​မူ​လျှင် လူ​တို့​က``စိတ်​တော်​ရှိ​သည်​အ​တိုင်း​ပြု​တော် မူ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။ သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​က``ငါ​တို့​သည် ဦး​စွာ​ထာ​ဝ​ရ​ဘု​ရား​အား​မေး​မြန်း လျှောက်​ထား​ကြ​ကုန်​အံ့'' ဟု​ဆို​၏။

ဒါ​ဝိဒ်​သည်​မိ​မိ​အား ရှော​လု​တိုက်​ခိုက်​ရန်​ကြံ စည်​လျက်​နေ​ကြောင်း​ကြား​လျှင် ယဇ်​ပု​ရော ဟိတ်​အ​ဗျာ​သာ​အား``သင်​တိုင်း​တော်​ကို​ယူ ဆောင်​ခဲ့​လော့'' ဟု​ဆို​၏။-

ဒါ​ဂုန်​ဘု​ရား​ကျောင်း​အ​တွင်း​ရှိ​ဒါ​ဂုန်​ရုပ်​တု အ​နီး​တွင်​ထား​ကြ​၏။-

သို့​ဖြစ်​၍​ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​သား​တို့​သည် လာ​၍​သေတ္တာ​တော်​ကို​တောင်​ကုန်း​ပေါ်​တွင်​တည် ရှိ​သော အ​ဗိ​န​ဒပ်​၏​အိမ်​သို့​ပင့်​ဆောင်​သွား ကြ​၏။ သူ​တို့​သည်​သေတ္တာ​တော်​ကို​စောင့်​ထိန်း ရန်​အ​တွက် အ​ဗိ​န​ဒပ်​၏​သား​ဧ​လာ​ဇာ​ကို ရွေး​ချယ်​ဆက်​ကပ်​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ