Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 14:16

Common Language Bible

ဗင်္ယာ​မိန်​နယ်၊ ဂိ​ဗာ​မြို့​ရှိ​ရှော​လု​၏​ကင်း​သ​မား တို့​သည် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​က​စဥ့်​က​ရဲ ထွက်​ပြေး​ကြ​သည်​ကို​မြင်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​စီး​ဆင်း​ပျောက်​ကွယ်​သွား​တတ်​သည့် ရေ​ကဲ့​သို့​ဖြစ်​ကြ​ပါ​စေ​သော။ လူ​သွား​လမ်း​ပေါ်​မှ​ပေါင်း​ပင်​များ​ကဲ့​သို့ ကြေ​မွ​သွား​ကြ​ပါ​စေ​သော။

ကိုယ်​တော်​သည်​သူ​တို့​အား​လေ​တွင်​လွင့်​ပါ သွား​သော မီး​ခိုး​ကဲ့​သို့​လွင့်​စင်​သွား​စေ​တော်​မူ​၏။ ဖ​ယောင်း​သည်​မီး​ရှေ့​တွင်​အ​ရည်​ပျော်​သ​ကဲ့​သို့ လူ​ယုတ်​မာ​တို့​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တွင် သေ​ကျေ​ပျက်​စီး​ကြ​၏။

ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​အီ​ဂျစ်​ပြည်​တွင် ပြည်​တွင်း​စစ်​ဖြစ်​စေ​ရန်​လှုံ့​ဆော်​၍​ညီ​အစ်​ကို အ​ချင်း​ချင်း၊ အိမ်​နီး​ချင်း​အ​ချင်း​ချင်း​ခိုက် ရန်​ဖြစ်​ပွား​စေ​မည်။ ဂုဏ်​ပြိုင်​ဘက်​မြို့​များ​သည် လည်း​ကောင်း၊ ဂုဏ်​ပြိုင်​ဘက်​မင်း​တို့​သည်​လည်း ကောင်း၊ အ​ချင်း​ချင်း​တိုက်​ခိုက်​ကာ​အာ​ဏာ လု​ကြ​လိမ့်​မည်။-

ဂိဒေါင်​၏​တပ်​သား​တို့​တံ​ပိုး​ခ​ရာ​များ​ကို မှုတ်​ကြ​စဉ်​အ​ခါ​၌ ထာ​ဝ​ရ​ဘု​ရား​သည် ရန်​သူ​တို့​အား​အ​ချင်း​ချင်း​ဋ္ဌား​လက်​နက် ဖြင့်​တိုက်​ခိုက်​စေ​တော်​မူ​၏။ သူ​တို့​သည်​ဇေ​ရ ရတ်​အ​ရပ်​သို့​ဦး​တည်​လျက်​ဗက်​ရှိတ္တ​မြို့​သို့ တိုင်​အောင်​လည်း​ကောင်း၊ တဗ္ဗတ်​မြို့​အ​နီး​အာ ဗေ​လ​မ​ဟော​လ​မြို့​သို့​တိုင်​အောင်​လည်း ကောင်း​ထွက်​ပြေး​ကြ​လေ​သည်။

စစ်​မြေ​ပြင်​တွင်​ရှိ​သ​မျှ​သော​ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည်​ကြောက်​လန့်​ကြ​ကုန်​၏။ တိုက်​ကင်း​ထွက်​လာ​ကြ​သူ​များ​နှင့်​တပ် စ​ခန်း​ရှိ​စစ်​သည်​တပ်​သား​တို့​သည် ထိတ် လန့်​တုန်​လှုပ်​ကြ​ကုန်​၏။ မြေ​ကြီး​ပင်​လျှင် တုန်​လှုပ်​ကာ​ရန်​သူ​တို့​သည်​က​စဥ့်​က​ရဲ ပြေး​ကြ​ကုန်​၏။

ထို့​အ​ခါ​ရှော​လု​က​မိ​မိ​၏​လူ​တို့​အား``တပ် တွင်း​မှ​ပျောက်​နေ​သူ​ကို​သိ​ရှိ​နိုင်​ရန်​စစ် သည်​တို့​ကို​စစ်​ဆေး​ကြည့်​လော့'' ဟု​အမိန့် ပေး​သည်​အ​တိုင်း​စစ်​ဆေး​ကြည့်​ကြ​ရာ ယော​န​သန်​နှင့်​သူ​၏​လက်​နက်​သယ်​ဆောင် သူ​လူ​ငယ်​တို့​မ​ရှိ​ကြောင်း​တွေ့​ရ​ကြ​၏။-

ထို​နောက်​သူ​နှင့်​သူ​၏​တပ်​သား​များ​သည် ရှုပ်​ထွေး​နေ​သည့်​အ​ခြေ​အ​နေ​တွင် အ​ချင်း ချင်း​ခုတ်​နေ​ကြ​သော​ဖိ​လိတ္တိ​အမျိုး​သား တို့​အား​ဝင်​ရောက်​တိုက်​ခိုက်​လေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ