Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 12:18

Common Language Bible

ရှ​မွေ​လ​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြုသ​ဖြင့်​ထို နေ့​၌​ပင်​လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​ကို​ထစ် ချုန်း​စွာ​ရွာ​သွန်း​စေ​တော်​မူ​၏။ ထို​အ​ခါ​လူ အ​ပေါင်း​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့် ရှ​မွေ​လ အား​ကြောက်​လန့်​ကြ​သည်​ဖြစ်​၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

အာ​ဟပ်​သည်​စား​သောက်​ရန်​ထွက်​ခွာ​သွား​စဉ် ဧ​လိ​ယ​သည်​က​ရ​မေ​လ​တောင်​ထိပ်​သို့​တက် ပြီး​လျှင် မိ​မိ​၏​ဒူး​နှစ်​ခု​အ​ကြား​တွင်​မြေ သို့​တိုင်​အောင်​ဦး​ညွှတ်​ပျပ်​ဝပ်​လျက်၊-

ယု​ဒ​နှင့်​ဗင်္ယာ​မိန်​နယ်​မြေ​များ​တွင်​နေ​ထိုင် သူ​ယောကျာ်း​အ​ပေါင်း​တို့​သည် သုံး​ရက်​အ​တွင်း န​ဝ​မ​လ​နှစ်​ဆယ်​ရက်​နေ့​၌ ယေ​ရု​ရှ​လင် မြို့​ဗိ​မာန်​တော်​ရှေ့​တံ​တိုင်း​သို့​လာ​ရောက် စု​ဝေး​ကြ​၏။ ထို​အ​ခါ​၌​မိုး​သည်း​ထန် စွာ​ရွာ​လျက်​နေ​၏။ လူ​အ​ပေါင်း​တို့​သည် ရာ​သီ​ဥ​တု​အ​ခြေ​အ​နေ​ကြောင့်​လည်း ကောင်း၊ အ​စည်း​အ​ဝေး​အ​ရေး​ကြီး​မှု ကြောင့်​လည်း​ကောင်း​တုန်​လှုပ်​လျက်​နေ ကြ​၏။

ဒဏ်ခတ်သော်၎င်း၊ မြေတော် ကိုပြုစုသော်၎င်း၊ ချမ်းသာပေးသော်၎င်း လာစေတော် မူ၏။

မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​ကိုယ်​တော်​၏ ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​၏။ ရှ​မွေ​လ​သည်​လည်း​ကိုယ်​တော်​အား​ဆု​တောင်း ပတ္ထ​နာ​ပြု​သူ​တစ်​ဦး​ဖြစ်​ပေ​သည်။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား ဆု​တောင်း​ပတ္ထနာ​ပြု​သော​အ​ခါ​ကိုယ်​တော် သည် နား​ညောင်း​တော်​မူ​၏။

သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​က​အ​နန္တ တန်​ခိုး​တော်​ဖြင့် အီ​ဂျစ်​အ​မျိုး​သား​တို့ အား​နှိမ်​နင်း​လိုက်​သည်​ကို​တွေ့​မြင်​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​လာ ကြ​ကုန်​၏။ ထာ​ဝ​ရ​ဘု​ရား​နှင့်​ထာ​ဝ​ရ ဘု​ရား​၏​ကျွန်​မော​ရှေ​တို့​ကို​ယုံ​ကြည် ကိုး​စား​လာ​ကြ​၏။

အာ​မော​ရိ​တပ်​သား​များ​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​လက်​သို့ ထာ​ဝ​ရ​ဘု​ရား အပ်​တော်​မူ​သော​နေ့​၌​ယော​ရှု​က၊ ``အ​သင်​နေ​မင်း၊ဂိ​ဗောင်​မြို့​ပေါ်​တွင်​ရပ် တန့်​၍​နေ​လော့။ အ​သင်​လ​မင်း၊အာ​ဂ​လုန်​မြို့​ချိုင့်​ဝှမ်း​တွင် ရပ်​တန့်​၍​နေ​လော့'' ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​၌​မြွက်​ဆို​၏။

ထို​နေ့​၌​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အ​မှု​ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ယော​ရှု​အား​ခေါင်း​ဆောင်​ကြီး​အ​ဖြစ်​ရို​သေ လေး​စား​ကြ​၏။ သူ​တို့​သည်​မော​ရှေ​ကို​ရို​သေ လေး​စား​သည့်​နည်း​တူ​ယော​ရှု​ကို​လည်း သူ အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး​ရို​သေ လေး​စား​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ