Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 12:15

Common Language Bible

``သို့​ရာ​တွင်​သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​စ​ကား​ကို​နား​မ​ထောင်​ဘဲ အ​မိန့်​တော်​ကို လွန်​ဆန်​ကြ​ပါ​လျှင် ကိုယ်​တော်​သည်​သင်​တို့ နှင့်​သင်​တို့​၏​ဘု​ရင်​အား​ဆန့်​ကျင်​ဘက် ပြု​တော်​မူ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

အာ​ဇ​ရိ​သည်​အာ​သ​မင်း​ထံ​သို့​သွား​ပြီး​လျှင်``အို အာ​သ​မင်း​နှင့်​တ​ကွ​ယု​ဒ​နှင့်​ဗင်္ယာ​မိန်​အ​နွယ် ဝင်​တို့၊ ငါ​၏​စ​ကား​ကို​နား​ထောင်​ကြ​လော့။ သင် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဘက်​၌​ရှိ​နေ​သ​မျှ ကာ​လ​ပတ်​လုံး ကိုယ်​တော်​သည်​သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​မည်။ သင်​တို့​သည်​ကိုယ်​တော်​အား​ရှာ ကြ​လျှင် ကိုယ်​တော်​သည်​သင်​တို့​အား​အ​တွေ့ ခံ​တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​တို့​သည် ကိုယ်​တော်​အား​ကျော​ခိုင်း​ကြ​ပါ​က​ကိုယ် တော်​သည်​လည်း​သင်​တို့​အား​စွန့်​ပယ်​တော် မူ​လိမ့်​မည်။-

သို့​ရာ​တွင်​ငါ​၏​စကား​ကို​နား​ထောင်​ရန်​ငြင်း​ဆန်​၍ ငါ့​အား​အာ​ခံ​ကြ​မည်​ဆို​လျှင်​မူ​ကား သင်​တို့​သည်​သေ​ကြေ​ပျက်​စီး​ရ​ကြ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။

သူ​ယုတ်​မာ​တို့​မူ​ကား​အ​မင်္ဂ​လာ​ရှိ​လိမ့်​မည်။ မိ​မိ​တို့​၏​ဆိုး​ယုတ်​သည့်​အ​ကျင့်​အ​ကြံ အ​ပြု​အ​မူ​များ​အ​တွက်​အ​ပြစ်​ဒဏ်​သင့် ကြ​လိမ့်​မည်။

``သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​မျှ​တ​တော်​မူ​ပါ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​ကိုယ်​တော်​၏ အ​မိန့်​တော်​ကို​လွန်​ဆန်​ခဲ့​သော​ကြောင့်​တည်း။ အ​ရပ်​တ​ကာ​ရှိ​လူ​တို့​ငါ​ပြော​ဆို​သည်​ကို နား​ထောင်​ကြ​လော့။ ငါ​၏​ဝေ​ဒ​နာ​ကို​ကြည့်​ရှု​ကြ​လော့။ ငါ​၏​သား​ပျို​သ​မီး​ပျို​တို့​သည်​သုံ့​ပန်း အ​ဖြစ် ခေါ်​ဆောင်​ခြင်း​ကို​ခံ​ရ​ကြ​လေ​ပြီ။''

သူ​တို့​သည်​ခေါင်း​မာ​၍​ပုန်​ကန်​တတ်​သော သ​ဘော​ရှိ​ကြောင်း​ကို​ငါ​သိ​၏။ သူ​တို့​သည် ငါ​မ​သေ​ခင်​က​ပင်​ထာ​ဝ​ရ​ဘု​ရား​အား ပုန်​ကန်​ခဲ့​လျှင် ငါ​သေ​လွန်​ပြီး​နောက်​သာ ၍​ပုန်​ကန်​ကြ​ဦး​မည်။-

သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​၍ အ​ခြား​သော​ဘု​ရား​များ​ကို​ဝတ်​ပြု​လျှင် သင်​တို့​ကို​ကျေး​ဇူး​ပြု​တော်​မူ​ခဲ့​သော ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​ရန်​ဘက် ပြု​၍​သေ​ကြေ​ပျက်​စီး​ရန်​ဒဏ်​ခတ်​တော် မူ​လိမ့်​မည်'' ဟု​ပြော​ကြား​လေ​သည်။

သူ​တို့​တိုက်​ပွဲ​ဝင်​သည့်​အ​ခါ​တိုင်း​ကိုယ်​တော် သည် မိ​မိ​မိန့်​မြွက်​တော်​မူ​ခဲ့​သည်​အ​တိုင်း​သူ တို့​အား​အ​ရေး​နိမ့်​စေ​တော်​မူ​သ​ဖြင့် သူ တို့​သည်​အ​တိ​ဒုက္ခ​ရောက်​ရ​ကြ​လေ​သည်။

သို့​ရာ​တွင်​လူ​တို့​သည်​မိ​မိ​တို့​အ​ရှင်​ထာ ဝ​ရ​ဘု​ရား​အား​မေ့​လျော့​သွား​ကြ​သ​ဖြင့် ကိုယ်​တော်​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​များ အား​လည်း​ကောင်း၊ မော​ဘ​ဘု​ရင်​နှင့်​ဟာ​ဇော် တပ်​မှူး​သိ​သ​ရ​အား​လည်း​ကောင်း​သူ​တို့ ကို​တိုက်​ခိုက်​နှိမ်​နင်း​ခွင့်​ပြု​တော်​မူ​၏။-

သို့​ရာ​တွင်​ထို​အ​ရပ်​သို့​သေတ္တာ​တော်​ရောက်​ရှိ ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​သည်​ထို​မြို့​ကို​လည်း ဒဏ်​ခတ်​တော်​မူ​ပြန်​သ​ဖြင့် လူ​တို့​သည်​ထိတ်​လန့် ကြ​ကုန်​၏။ ကိုယ်​တော်​သည်​ကြီး​ငယ်​မ​ရွေး​မြို့ သူ​မြို့​သား​အ​ပေါင်း​တို့​အား​အ​နာ​စိမ်း​များ ပေါက်​စေ​ခြင်း​အား​ဖြင့်​ဒဏ်​ခတ်​တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ