Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 11:4

Common Language Bible

စေ​တ​မန်​တို့​သည်​ရှော​လု​နေ​ထိုင်​ရာ​ဂိ​ဗာ မြို့​သို့​ရောက်​ရှိ​လာ​လျက် ထို​သ​တင်း​ကို​ပြော ကြား​ကြ​သော​အ​ခါ လူ​တို့​သည်​စိတ်​ပျက် အား​လျော့​လျက်​ငို​ကြွေး​ကြ​ကုန်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ဧ​သော​က``အို အ​ဖ၊ ဖ​ခင်​ထံ​၌​ပေး​စ​ရာ ကောင်း​ချီး​မင်္ဂ​လာ​တစ်​ပါး​မျှ​မ​ကျန်​ပါ သ​လော။ ကျွန်​တော့်​ကို​လည်း​ကောင်း​ချီး​မင်္ဂလာ ပေး​ပါ​ဦး'' ဟု​ဖ​ခင်​အား​ဆက်​လက်​တောင်း​ပန် ၍​ငို​ကြွေး​လေ​၏။

သို့​ဖြစ်​၍​သူ​၏​သား​မြေး​ခု​နစ်​ယောက်​ကို အ​ကျွန်ုပ်​တို့​အား​ပေး​အပ်​တော်​မူ​ပါ။ အ​ကျွန်ုပ် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​ခန့်​ထား တော်​မူ​သည့်​ဘု​ရင်​ရှော​လု​၏​ဌာ​နေ၊ ဂိ​ဗာ မြို့​တွင်​သူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​၌​စက်​တိုင်​တင်​ပါ​မည်'' ဟု​လျှောက် ကြ​၏။ မင်း​ကြီး​က``ထို​သူ​တို့​ကို​ငါ​ပေး​အပ်​မည်'' ဟု​မိန့်​တော်​မူ​၏။

သူ​တို့​၏​တပ်​မှူး​များ​မှာ​ဂိ​ဗာ​မြို့​သား ရှေ​မာ​၏​သား​ဖြစ်​ကြ​သော အ​ဟေ​ဇာ​နှင့် ယော​ရှ​တို့​ဖြစ်​ကြ​၏။ စစ်​သူ​ရဲ​များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ အာ​ဇ​မာ​ဝက်​၏​သား​များ​ဖြစ်​ကြ​သော ယေ​ဇေ​လ​နှင့်​ပေ​လက်။ အ​န​သုတ်​မြို့​သား​ဗေ​ရာ​ခ​နှင့်​ယေ​ဟု။ ရဲ​ဘော်​သုံး​ကျိပ်​၏​ခေါင်း​ဆောင်​တစ်​ဦး​ဖြစ်​သူ ဂိ​ဗောင်​မြို့​သား​နာ​မည်​ကျော်​စစ်​သူ​ရဲ​ဣ​ရှ​မာ​ယ။ ဂေ​ဒ​ရ​မြို့​သား​များ​ဖြစ်​ကြ​သော​ယေ​ရ​မိ၊ ယ​ဟာ​ဇေ​လ၊ယော​ဟ​နန်​နှင့်​ယော​ဇ​ဗဒ်။ ဟ​ရု​ဖိ​မြို့​သား​များ​ဖြစ်​ကြ​သော​ဧ​လု​ဇဲ၊ ယေ​ရိ​မုတ်၊ ဗာ​လျာ၊ရှေ​မ​ရိ​နှင့်​ရှေ​ဖ​တိ။ ကော​ရ​သား​ချင်း​စု​မှ​ဧ​လ​ကာ​န၊ယေ​ရှာ၊ အာ​ဇ​ရေ​လ၊ယော​ဇာ​နှင့်​ယာ​ရှော​ဗ။ ဂေ​ဒေါ်​မြို့​သား​ယေ​ရော​ဟံ​၏​သား​များ ဖြစ်​ကြ​သော ယော​လာ​နှင့်​ဇေ​ဗ​ဒိ​တို့​ဖြစ်​ကြ​၏။

ဝမ်း​မြောက်​သူ​တို့​နှင့်​အ​တူ​ဝမ်း​မြောက်​ကြ လော့။ ငို​ကြွေး​သူ​တို့​နှင့်​အ​တူ​ငို​ကြွေး​ကြ လော့။-

အ​ကယ်​၍​ကိုယ်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​တစ်​ခု​က ဝေ​ဒ​နာ​ခံ​ရ​လျှင်​အခြား​အ​စိတ်​အ​ပိုင်း​များ သည်​လည်း​အ​တူ​ခံ​ရ​ကြ​၏။ ကိုယ်​အင်္ဂါ​အ​စိတ် အ​ပိုင်း​တစ်​ခု​က​ချီး​မွမ်း​ခြင်း​ခံ​ရ​လျှင် အ​ခြား​အ​စိတ်​အ​ပိုင်း​များ​သည်​လည်း​အ​တူ ဝမ်း​မြောက်​ရ​ကြ​၏။

အ​ချင်း​ချင်း​၏​ဝန်​များ​ကို​ကူ​ညီ​ထမ်း​ရွက် သော​အား​ဖြင့် ခ​ရစ်​တော်​၏​တ​ရား​တော်​ကို ကျင့်​ကြ​လော့။-

သင်​တို့​သည်​အ​ကျဉ်း​ခံ​ရ​သူ​များ​နှင့်​အ​တူ အ​ကျဉ်း​ခံ​နေ​ရ​သ​ကဲ့​သို့​မှတ်​ယူ​လျက် သူ​တို့ အား​သ​တိ​ရ​ကြ​လော့။ မိ​မိ​တို့​ကိုယ်​တိုင်​ပင် ဒုက္ခ​ဝေ​ဒ​နာ​ခံ​ရ​သ​ကဲ့​သို့​ဒုက္ခ​ဝေ​ဒ​နာ ခံ​ရ​သူ​များ​ကို​သ​တိ​ရ​ကြ​လော့။

ဤ​သို့​ကောင်း​ကင်​တ​မန်​မြွက်​ဆို​ပြီး​သော အ​ခါ​၌ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည်​ငို​ကြွေး​ကြ​ကုန်​၏။-

ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့ သည် ဗေ​သ​လ​မြို့​သို့​သွား​၍​ငို​ကြွေး​ကြ​၏။ သူ တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင်​ထိုင် လျက် ည​နေ​ချမ်း​တိုင်​အောင်​အ​စာ​ရှောင်​ကြ​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌ မိတ် သ​ဟာ​ယ​ယဇ်​နှင့်​မီး​ရှို့​ရာ​ယဇ်​တို့​ကို​ပူ​ဇော် ကြ​၏။-

သို့​ဖြစ်​၍​ယ​ခု​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​ဗေ​သ​လ​မြို့​သို့​သွား​၍ ဘု​ရား​သ​ခင် ၏​ရှေ့​တော်​၌​ည​နေ​ချမ်း​အ​ချိန်​တိုင်​အောင် ထိုင်​လျက်၊-

ရှော​လု​သည်​လည်း​ဂိ​ဗာ​မြို့​နေ​အိမ်​သို့​ပြန် လေ​သည်။ သူ​ရဲ​ကောင်း​အ​ချို့​တို့​၏​စိတ်​ကို ဘု​ရား​သ​ခင်​ပြု​ပြင်​တော်​မူ​သ​ဖြင့် သူ​တို့ သည်​ရှော​လု​နှင့်​အ​တူ​လိုက်​သွား​ကြ​၏။-

ထို​နောက်​ရှ​မွေ​လ​သည်​ရာ​မ​မြို့​သို့​သွား ၏။ ရှော​လု​မင်း​သည်​လည်း​ဂိ​လ​ဂါ​လ​နန်း တော်​သို့​ပြန်​လေ​၏။-

အား​အင်​ကုန်​ခန်း​သည့်​တိုင်​အောင်​ငို​ကြွေး ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ