Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 10:2

Common Language Bible

ယ​နေ့​ငါ့​ထံ​မှ​ထွက်​ခွာ​သွား​သော​အ​ခါ သင်​သည်​ဗင်္ယာ​မိန်​နယ်၊ ဇေ​လ​ဇ​မြို့​ရှိ​ရာ ခေ​လ​၏​သင်္ချိုင်း​အ​နီး​တွင်​လူ​နှစ်​ယောက် ကို​တွေ့​လိမ့်​မည်။ သူ​တို့​က​သင်​လိုက်​လံ​ရှာ ဖွေ​နေ​သော​မြည်း​တို့​ကို​ပြန်​လည်​တွေ့​ရှိ​ပြီ ဖြစ်​၍ သင့်​အ​ဖ​သည်​မြည်း​များ​အ​တွက် စိုး​ရိမ်​ပူ​ပန်​မှု​မ​ရှိ​တော့​ဘဲ​သင်​၏​အ​တွက် သာ​လျှင် စိုး​ရိမ်​ပူ​ပန်​လျက်​နေ​ကြောင်း​ကို လည်း​ကောင်း`ငါ့​သား​အ​တွက်​အ​ဘယ်​သို့ ငါ​ပြု​ရ​ပါ​မည်​နည်း' ဟု​မြည်​တမ်း​လျက် နေ​ကြောင်း​ကို​လည်း​ကောင်း​သင့်​အား​ပြော ကြား​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ယာ​ကုပ်​နှင့်​သူ​၏​မိ​သား​စု​တို့​သည်​ဗေ​သ​လ အ​ရပ်​မှ​ခ​ရီး​ထွက်​ခဲ့​ကြ​ရာ ဧ​ဖ​ရတ်​မြို့​သို့ မ​ရောက်​မီ​ခ​ရီး​အ​တန်​ကွာ​နေ​ရာ​သို့​ရောက် သော်​ရာ​ခေ​လ​သည်​မီး​ဖွား​ရန်​အ​ချိန်​စေ့​၍ ဝေ​ဒ​နာ​ပြင်း​ပြ​စွာ​ခံ​ရ​လေ​၏။-

ငါ​သည်​သင်​၏​မိ​ခင်​ရာ​ခေ​လ​အ​တွက် ကြောင့်​ဤ​သို့​စီ​မံ​ရ​သည်။ ငါ​သည်​မက်​ဆို ပို​တေး​မီး​ယား​ပြည်​မြောက်​ပိုင်း​မှ​ပြန်​လာ စဉ် သင်​၏​မိ​ခင်​ရာ​ခေ​လ​သည်​ခါ​နာန်​ပြည် ဧ​ဖ​ရတ်​မြို့​အ​နီး​၌​ကွယ်​လွန်​၍​ငါ​သည် အ​လွန်​ဝမ်း​နည်း​ပူ​ဆွေး​၏။ ငါ​သည်​သူ​၏ အ​လောင်း​ကို​ဧ​ဖ​ရတ်​မြို့​သို့​သွား​ရာ​လမ်း အ​နီး​၌​သင်္ဂြိုဟ်​ခဲ့​၏'' ဟု​ဆို​လေ​၏။ (ဧ​ဖ​ရတ် မြို့​ကို​ယ​ခု​အ​ခါ​ဗက်​လင်​မြို့​ဟု​ခေါ် သည်။)

ထာ​ဝ​ရ​ဘု​ရား​က၊ ``ရာ​မ​အ​ရပ်​၌​အ​သံ​တစ်​ခု​ကို​ကြား​ရ​၏။ ထို​အ​သံ​သည်​ဝမ်း​နည်း​ပက်​လက် ငို​ကြွေး​သည့်​အ​သံ​ဖြစ်​၏။ ရာ​ခေ​လ​သည်​မိ​မိ​၏​သား​သ​မီး​များ​အ​တွက် ငို​ကြွေး​လျက်​နေ​လေ​သည်။ သူ​တို့​အား​လုံး​ပင်​မ​ရှိ​တော့​ပြီ​ဖြစ်​၍ သူ​သည်​နှစ်​သိမ့်​မှု​ကို​မ​ခံ​လို'' ဟု​မိန့်​ဆို​၏။

ဇေ​လ​မြို့၊ ဧ​လပ်​မြို့၊ ယေ​ဗု​သိ​မြို့၊​(သို့​မ ဟုတ်​ယေ​ရု​ရှ​လင်မြို့၊) ဂိ​ဗတ်​မြို့၊ ကိ​ရ​ယတ် ယာ​ရိမ်​မြို့​စ​သော​မြို့​ကြီး​တစ်​ဆယ်​လေး မြို့​နှင့်​ယင်း​တို့​၏​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ လည်း​ပါ​ဝင်​သည်။ ဤ​နယ်​မြေ​သည်​ဗင်္ယာ​မိန် အ​နွယ်​မိ​သား​စု​တို့​ပိုင်​သော​နယ်​မြေ​ဖြစ် သည်။

ရှော​လု​က``မြည်း​များ​ကို​ပြန်​၍​တွေ့​ပြီ ဖြစ်​ကြောင်း အ​ကျွန်ုပ်​တို့​အား​ပြော​ကြား လိုက်​ပါ​သည်'' ဟု​ဆို​၏။ သို့​ရာ​တွင်​ရှ​မွေ​လ မိန့်​မြွက်​သည့်​နိုင်​ငံ​ရေး​အ​ကြောင်း​ကို​မူ ဦး​လေး​အား​မ​ပြော​ဘဲ​နေ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ