Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 10:17

Common Language Bible

ရှ​မွေ​လ​သည်​လူ​တို့​အား​မိ​ဇ​ပါ​မြို့​တွင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ခေါ်​ယူ​စု​ရုံး စေ​ပြီး​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​အ​မျက်​ထွက်​၍​သင်​တို့​အား​ရှင် ဘု​ရင်​များ​ကို​ပေး​ခဲ့​၏။ ငါ​သည်​အ​မျက် ဒေါ​သ​ဖြင့်​ထို​ရှင်​ဘု​ရင်​များ​ကို​ရုပ်​သိမ်း ခဲ့​ပြီ။

ထို့​ကြောင့်​ယေ​ဖ​သ​သည်​ဂိ​လဒ်​ပြည်​ခေါင်း​ဆောင် များ​နှင့်​အ​တူ​လိုက်​သွား​လေ​သည်။ လူ​တို့​သည် လည်း​သူ့​အား​မိ​မိ​တို့​၏​ဘု​ရင်​အ​ဖြစ်​ဖြင့် လည်း​ကောင်း၊ ခေါင်း​ဆောင်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း ချီး​မြှောက်​ကြ​၏။ ယေ​ဖ​သ​သည်​မိ​ဇ​ပါ​မြို့ ၌​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​မှောက်​တွင် မိ မိ​တောင်း​ဆို​ချက်​များ​ကို​ပြန်​လည်​ဖော် ပြ​လျှောက်​ထား​၏။

မြောက်​ဘက်​ရှိ​ဒန်​မြို့​မှ​တောင်​ဘက်​ရှိ​ဗေ​ရ ရှေ​ဗ​မြို့​တိုင်​အောင် အ​ရပ်​ရပ်​မှ​လည်း​ကောင်း၊ အ​ရှေ့​ဘက်​ရှိ​ဂိ​လဒ်​ပြည်​မှ​လည်း​ကောင်း ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် စစ်​တိုက်​ရန်​ဖိတ်​ခေါ်​ချက်​အ​ရ တစ်​စု​တစ်​ရုံး တည်း​မိ​ဇ​ပါ​မြို့​တွင်​ထာ​ဝ​ရ​ဘု​ရား​၏ ရှေ့​တော်​၌​လာ​ရောက်​စု​ဝေး​ကြ​လေ​သည်။-

သို့​ဖြစ်​၍​သူ​တို့​အား​လုံး​ပင်​ဂိ​လ​ဂါ​လ မြို့​သို့​သွား​ပြီး​လျှင် သန့်​ရှင်း​ရာ​ဌာ​န​တော် တွင်​ရှော​လု​အား​ဘု​ရင်​အ​ဖြစ်​ကြွေး​ကြော် တင်​မြှောက်​ကြ​လေ​သည်။ သူ​တို့​သည်​မိတ် သ​ဟာ​ယ​ယဇ်​ကို​ပူ​ဇော်​ကြ​၏။ ရှော​လု​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တစ်​ရပ်​လုံး​သည် လည်း​ပျော်​ပွဲ​ရွှင်​ပွဲ​ကို​ဆင်​နွှဲ​ကြ​၏။

သူ​သည်​နှစ်​စဉ်​နှစ်​တိုင်း​ဗေ​သ​လ​မြို့၊ ဂိ​လ ဂါ​လ​မြို့၊ မိ​ဇ​ပါ​မြို့​တို့​သို့​လှည့်​လည်​သွား ရောက်​ကာ​ထို​မြို့​တို့​တွင်​အ​မှု​အ​ခင်း​များ ကို​စစ်​ဆေး​စီ​ရင်​လေ့​ရှိ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ