Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 10:11

Common Language Bible

သူ့​အား​ယ​ခင်​က​သိ​ရှိ​ခဲ့​ကြ​သော​လူ တို့​သည် ရှော​လု​ဤ​သို့​က​ခုန်​ဟစ်​အော်​နေ သည်​ကို​မြင်​လျှင်``ကိ​ရှ​၏​သား​ကား​အ​ဘယ် သို့​ဖြစ်​လေ​ပြီ​နည်း။ ရှော​လု​သည်​လည်း ပ​ရော​ဖက်​ဖြစ်​လာ​လေ​ပြီ​လော'' ဟု အ​ချင်း​ချင်း​ပြော​ဆို​မေး​မြန်း​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​အာ​မုတ်​က``ငါ​သည်​အ​ခ​ကြေး ငွေ​ယူ​၍​ပ​ရော​ဖက်​ပြု​သော​ပ​ရော​ဖက် တစ်​ယောက်​မ​ဟုတ်။ ငါ​သည်​သိုး​ထိန်း​ဖြစ် ၍​သင်္ဘော​သ​ဖန်း​ပင်​များ​ကို​ပြု​စု​နေ​သူ တစ်​ဦး​ဖြစ်​၏။-

ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​သိုး​ကျောင်း နေ​ရာ​မှ​ခေါ်​ယူ​ပြီး လူ​မျိုး​တော်​ဣ​သ​ရေ​လ ထံ​သို့​သွား​ရောက်​၍​ဗျာ​ဒိတ်​ပေး​ရန်​စေ​ခိုင်း တော်​မူ​ခဲ့​သည်။-

ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည်​လွန်​စွာ​အံ့​သြ​ကြ လျက် ``ဤ​သူ​သည်​အ​ဘယ်​သင်​တန်း​ကျောင်း ကို​မျှ​မ​တက်​ဘူး​ဘဲ ဤ​အ​သိ​ပ​ညာ​များ​ကို အ​ဘယ်​သို့​ရ​ရှိ​ပါ​သ​နည်း'' ဟု​ဆို​ကြ​၏။

ထို​သူ​သည်​ဗိ​မာန်​တော်​တင့်​တယ်​တံ​ခါး​ဝ တွင် ထိုင်​နေ​လေ့​ရှိ​သည့်​သူ​တောင်း​စား​ဖြစ် ကြောင်း​ကို​မှတ်​မိ​ကြ​သ​ဖြင့် သူ​တို့​သည် ထို​သူ​၌​ဖြစ်​ပျက်​သည့်​အ​မှု​အ​ရာ​ကို များ​စွာ​အံ့​သြ​မိန်း​မော​ကြ​၏။

ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​သည်​ပ​ညာ​မ​တတ် သူ၊ လူ​သာ​မန်​များ​သာ​ဖြစ်​လျက်​နှင့်​မည်​မျှ ရဲ​ရင့်​ကြ​သည်​ကို တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင် တို့​တွေ့​မြင်​ကြ​သော​အ​ခါ​များ​စွာ​အံ့​သြ ကြ​၏။ ထို​သူ​နှစ်​ဦး​တို့​သည် သ​ခင်​ယေ​ရှု​၏ အ​ပေါင်း​အ​ဖော်​များ​ဖြစ်​ခဲ့​သည်​ကို​လည်း သ​တိ​ပြု​မိ​ကြ​၏။-

သူ​၏​စ​ကား​ကို​ကြား​သူ​အ​ပေါင်း​တို့​သည် လွန်​စွာ​အံ့​သြ​ကြ​လျက် ``ဤ​သူ​သည်​ထို သ​ခင်​ကို​ပတ္ထ​နာ​ပြု​သူ​ဟူ​သ​မျှ​ကို​ယေ​ရု ရှ​လင်​မြို့​တွင်​သတ်​ဖြတ်​ခဲ့​သူ​မ​ဟုတ်​ပါ​လော။ ထို​သူ​တို့​ကို​ဖမ်း​ဆီး​၍​ယဇ်​ပု​ရော​ဟိတ်​ကြီး များ​ထံ​ခေါ်​ဆောင်​သွား​ရန်​လာ​ရောက်​သူ မ​ဟုတ်​ပါ​လော'' ဟု​ဆို​ကြ​၏။

သူ​သည်​မိ​မိ​၏​အ​ဝတ်​များ​ကို​ချွတ်​၍ ရှ​မွေ​လ​၏​ရှေ့​တွင်​လည်း​က​ခုန်​အော်​ဟစ် သည်။ ထို့​နောက်​ယင်း​နေ့​တစ်​နေ့​လုံး​နှင့်​တစ်ည လုံး​အ​ဝတ်​အ​ချည်း​စည်း​နှင့်​လဲ​လျက်​နေ သည်။ (ဤ​နည်း​အား​ဖြင့်​ရှော​လု​ပင်​လျှင် ပ​ရော​ဖက်​ဖြစ်​လေ​ပြီ​လော'' ဟူ​သော​ဆို ရိုး​စ​ကား​ဖြစ်​ပေါ်​၍​လာ​သ​တည်း။)




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ