၁ ရာ 1:24Common Language Bibleသူသည်သားငယ်ကိုနို့ဖြတ်ပြီးသောအခါ သုံးနှစ်သားနွားထီး ကလေးတစ်ကောင်၊ မုန့်ညက်တစ်တင်း၊ စပျစ်ရည် တစ်ဘူးကိုယူဆောင်လျက်သားငယ်နှင့်အတူ ရှိလောမြို့သို့သွား၏။ သားငယ်ရှမွေလသည် လွန်စွာငယ်ရွယ်နုနယ်သေးသတည်း။- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်သင်တို့အတွက်ဘုရား ဝတ်ပြုကိုးကွယ်ရန် တစ်ခုတည်းသောဌာန ကိုရွေးချယ်ပေးတော်မူမည်။ ငါမိန့်မှာသည့် အတိုင်း သင်တို့သည်မီးရှို့ရာယဇ်နှင့်အခြား ယဇ်ကောင်များ၊ ဆယ်ဖို့တစ်ဖို့နှင့်ပူဇော်သကာ များ၊ ထာဝရဘုရားအားကတိထားသော အထူးပူဇော်သကာများစသည်တို့ကို ထိုဌာနသို့ယူဆောင်ခဲ့ရမည်။-
``သင်တို့၏လူမျိုးထဲမှယောကျာ်းအားလုံး တို့သည်ပသခါပွဲ၊ ကောက်သိမ်းပွဲနှင့်သစ်သီး သိမ်းပွဲကျင်းပရန်တစ်ခုတည်းသောဝတ်ပြု ရာဌာနတော်သို့ တစ်နှစ်လျှင်သုံးကြိမ်လာ ရောက်လျက်ထာဝရဘုရားအားဝတ်ပြု ရမည်။ သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကောင်းချီးပေးတော်မူသည်နှင့် အမျှ လူတိုင်းပူဇော်သကာကိုယူဆောင် ခဲ့ရမည်။''