၁ ရာ 1:19Common Language Bibleနောက်တစ်နေ့၌ဧလကာနနှင့်အိမ်ထောင်စုသား တို့သည် နံနက်စောစောထ၍ဘုရားသခင်အား ကိုးကွယ်ဝတ်ပြုကြ၏။ ထိုနောက်ရာမမြို့နေအိမ် သို့ပြန်ကြ၏။ ဧလကာနသည်သူ၏ဇနီးဟန္န နှင့်ဆက်ဆံလေ၏။ ဘုရားသခင်သည်ဟန္န၏ ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူသဖြင့်၊- အခန်းကိုကြည့်ပါ။ |
ဟန္နက``အနန္တတန်ခိုးရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ကျွန်မကိုရှုမြင်တော်မူပါ။ ကိုယ်တော်ရှင်ကျွန်မ၏ဒုက္ခကိုရှုမှတ်တော် မူလျက်အောက်မေ့သတိရတော်မူပါ။ မေ့ လျော့တော်မမူပါနှင့်။ ကိုယ်တော်ရှင်သည် ကိုယ်တော်၏ကျွန်မအားသားဆုကိုပေး တော်မူလျှင် သူ့ကိုအသက်ရှင်သမျှကာလ ပတ်လုံးကိုယ်တော်ရှင်အားဆက်ကပ်ပူဇော် ပါမည်။ သူ၏ဆံပင်ကိုလည်းအဘယ် အခါ၌မျှမဖြတ်မရိတ်စေပါ'' ဟုကျိန်ဆိုကတိပြုလေ၏။
ရှောလုသည်လည်းအိပ်ရာတွင်အိပ်လေ၏။ အရုဏ်တက်ချိန်၌ရှမွေလသည်အိမ်ခေါင်မိုးထက် တွင်ရှိသောရှောလုအား``ထလော့။ သင်အိမ်ပြန်ရန် ခရီးလမ်းသို့ငါပို့ဆောင်ပေးအံ့'' ဟုအော်၍ပြော သောအခါရှောလုသည်အိပ်ရာမှထလေ၏။ ထို နောက်သူနှင့်ရှမွေလတို့သည်အတူတကွထွက် သွားကြ၏။-