Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 1:17

Common Language Bible

ဧ​လိ​က``စိတ်​ချမ်း​သာ​စွာ​သွား​ပါ​လော့။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကိုး​ကွယ်​သော​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တောင်း​လျှောက်​သည်​အ​တိုင်း​ပေး​သနား​တော် မူ​ပါ​စေ​သော'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ရေ​ဗက္က​တွင်​သား​သ​မီး​မ​ထွန်း​ကား​သ​ဖြင့် ဣ​ဇာက် သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​၌​သား​သ​မီး​ဆု​ကို တောင်း​လေ​သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​၏ ဆု​တောင်း​သံ​ကို​နား​ညောင်း​တော်​မူ​၍​ရေ​ဗက္က ၌​ပဋိ​သန္ဓေ​စွဲ​လေ​၏။-

မင်း​ကြီး​က``ငြိမ်း​ချမ်း​စွာ​သွား​လော့'' ဟု ဆို​သ​ဖြင့်​အ​ဗ​ရှ​လုံ​သည်​ဟေ​ဗြုန်​မြို့ သို့​သွား​လေ​၏။-

ထို​အ​ခါ​ဧ​လိ​ရှဲ​က``အေး​ချမ်း​စွာ​သွား​ပါ​လော့'' ဟု​ဆို​သ​ဖြင့် နေ​မန်​သည်​ထွက်​ခွာ​သွား​လေ​၏။ သူ​သည်​သွား​၍​အ​ဝေး​သို့​မ​ရောက်​မီ၊-

ယာ​ဗက်​သည်``အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး အား​ကောင်း​ချီး​ပေး​တော်​မူ​၍ မြေ​ယာ​အ​မြောက် အ​မြား​ကို​ပေး​သ​နား​တော်​မူ​ပါ။ ကျွန်​တော် မျိုး​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး အား​ဒုက္ခ​ဝေ​ဒ​နာ​ဖြစ်​စေ​မည့်​မ​ကောင်း​မှု မှန်​သ​မျှ​မှ​ကင်း​လွတ်​စေ​တော်​မူ​ပါ'' ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား ထံ​တော်​တွင်​ဆု​တောင်း​ပတ္ထ​နာ​ပြု​လေ​သော ကြောင့် ဘု​ရား​သ​ခင်​သည်​ယာ​ဗက်​တောင်း လျှောက်​သည့်​ဆု​များ​ကို​ပေး​သ​နား​တော် မူ​သ​တည်း။

ကိုယ်​တော်​က ``ငါ့​သ​မီး၊ သင်​၏​ယုံ​ကြည်​ခြင်း​သည် သင့်​ကို​ကျန်း​မာ​စေ​ပြီ။ စိတ်​ချမ်း​သာ​စွာ​သွား​လော့။ ရော​ဂါ​ပျောက်​ကင်း​စေ'' ဟု​မိန့်​တော်​မူ​၏။

သို့​ရာ​တွင်​ကိုယ်​တော်​က​ထို​အ​မျိုး​သ​မီး အား ``သင်​၏​ယုံ​ကြည်​ခြင်း​သည်​သင့်​ကို​ကယ် တင်​ပြီ။ စိတ်​ချမ်း​သာ​စွာ​သွား​လော့'' ဟု​မိန့် တော်​မူ​၏။

ကိုယ်​တော်​က ``ငါ့​သ​မီး၊ သင်​၏​ယုံ​ကြည်​ခြင်း သည်​သင့်​ကို​ကျန်း​မာ​စေ​ပြီ။ စိတ်​ချမ်း​သာ​စွာ သွား​ပေ​တော့'' ဟု​မိန့်​တော်​မူ​၏။

ယဇ်​ပု​ရော​ဟိတ်​က``မည်​သို့​မျှ​သင်​တို့​စိုး​ရိမ် ရန်​မ​လို​ပါ။ ဘု​ရား​သ​ခင်​သည်​ဤ​ခ​ရီး​တွင် သင်​တို့​အား​စောင့်​ရှောက်​တော်​မူ​လျက်​ရှိ​ပါ သည်'' ဟု​ပြန်​ပြော​၏။

ကျွန်​မ​အား​တန်​ဖိုး​မ​ရှိ​သည့်​မိန်း​မ​ဟု​မ​ထင် မှတ်​ပါ​နှင့်။ ကျွန်​မ​သည်​အ​လွန်​စိတ်​မ​ချမ်း​မ​သာ ဖြစ်​သ​ဖြင့် ဤ​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ ခြင်း​ဖြစ်​ပါ​၏'' ဟု​ပြန်​၍​လျှောက်​၏။

ဧ​လ​ကာ​န​က``ကောင်း​ပြီ။ သင်​ပြု​လို​သည် အ​တိုင်း​ပြု​ပါ​လေ။ က​လေး​နို့​ဖြတ်​သည်​တိုင် အောင်​အိမ်​တွင်​နေ​လော့။ သင်​ပြု​သော​သစ္စာ​က​တိ ကို​အ​ကောင်​အ​ထည်​ဖော်​နိုင်​ရန် ထာ​ဝ​ရ​ဘု​ရား ကူ​မ​တော်​မူ​ပါ​စေ​သော'' ဟု​ဆို​၏။ သို့​ဖြစ်​၍ ဟန္န​သည်​သူ​ငယ်​ကို​နို့​တိုက်​လျက်၊ နို့​မ​ဖြတ် မီ​တိုင်​အောင်​အိမ်​မှာ​နေ​လေ​၏။

ထို​အ​ခါ​ယော​န​သန်​က``ဘု​ရား​သ​ခင်​သည် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ​စေ​သော။ ငါ​တို့ နှစ်​ယောက်​သည်​လည်း​ကောင်း၊ ငါ​တို့​သား​မြေး များ​သည်​လည်း​ကောင်း​ငါ​တို့​တစ်​ယောက်​ကို တစ်​ယောက်​ပြု​ခဲ့​သည့်​က​တိ​သစ္စာ​ကို ထာ​ဝ​စဉ် မ​ပျက်​မ​ကွက်​စောင့်​ထိန်း​နိုင်​ကြ​စေ​ရန် ထာ​ဝ​ရ​ဘု​ရား​မု​ချ​ကူ​မ​တော်​မူ​ပါ လိမ့်​မည်'' ဟု​ဆို​၏။ ထို​နောက်​ဒါ​ဝိဒ်​ထွက်​ခွာ သွား​၏။ ယော​န​သန်​သည်​လည်း​မြို့​ထဲ​သို့ ပြန်​လေ​၏။

ထို​နောက်​ဒါ​ဝိဒ်​သည်​အ​ဘိ​ဂဲ​လ​ယူ​ဆောင် လာ​သော​လက်​ဆောင်​များ​ကို​လက်​ခံ​ပြီး လျှင်​သူ့​အား``သင်​ပြု​စေ​လို​သည့်​အ​တိုင်း ငါ​ပြု​မည်။ စိုး​ရိမ်​မှု​မ​ရှိ​ဘဲ​အိမ်​သို့​ပြန် လော့'' ဟု​ဆို​၏။

သို့​ဖြစ်​၍​သင်​သည်​အေး​ချမ်း​စွာ​အိမ်​သို့​ပြန်​၍ သူ​တို့​မ​နှစ်​သက်​မည့်​အ​မှု​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပြု​ပါ​နှင့်'' ဟု​ဆို​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ