၁ ယော 5:4Common Language Bibleအဘယ်ကြောင့်ဆိုသော်ဘုရားသခင်၏သား သမီးဖြစ်သူသည် လောကကိုအောင်နိုင်သော ကြောင့်ဖြစ်၏။ ငါတို့သည်ယုံကြည်ခြင်းအား ဖြင့်လောကကိုအောင်ခြင်းဖြစ်ပေသည်။- အခန်းကိုကြည့်ပါ။ |
ထိုနောက်ငါသည်မီးနှင့်ရောသည့်ဖန်ရေကန် နှင့်တူသောအရာတစ်ခုကိုမြင်ရ၏။ သားရဲ နှင့်သူ၏ရုပ်တုအားလည်းကောင်း၊ ကိန်းဂဏန်း ၏နာမည်ကိုပိုင်ဆိုင်သူအားလည်းကောင်း၊ အနိုင်ရသူများကိုလည်းငါမြင်ရ၏။ သူတို့ သည်ဘုရားသခင်ပေးတော်မူသောစောင်းများ ကိုကိုင်လျက်ဖန်ရေကန်အနီးတွင်ရပ်လျက် နေကြ၏။-
``အသင်းတော်တို့အားဝိညာဉ်တော်မိန့်တော်မူ သောစကားများကိုကြားတတ်သောနားရှိ သူတို့ကြားပါစေ။ အောင်မြင်သောသူအားဝှက်ထားသောမန္နမုန့် ကိုငါပေးမည်။ ကျောက်စရစ်ဖြူကိုလည်း ငါပေးမည်။ ထိုကျောက်ဖြူပေါ်တွင်အက္ခရာ တင်ထားသည့်နာမည်သစ်ကိုအဘယ်သူ မျှမသိနိုင်ရာ။ ထိုကျောက်ကိုခံယူရရှိ သူသာလျှင်သိရှိနိုင်ပေသည်။
အောင်မြင်၍ငါလိုလားသည့်အကျင့်ကို အဆုံးတိုင်အောင် ကျင့်သောသူတို့အား ခမည်းတော်ထံမှငါရရှိသည့်အခွင့် အာဏာကိုငါပေးမည်။ ယင်းအခွင့်အာဏာ မှာလူမျိုးတကာတို့ကိုသံလှံတံဖြင့် အုပ်စိုး၍ မြေအိုးများကိုသံတုတ်ဖြင့် အစိတ်စိတ်အမြွှာမြွှာရိုက်ခွဲသကဲ့သို့ သူတို့အားချေမှုန်းပိုင်ခွင့်ဖြစ်သည်။ မိုး သောက်ကြယ်ကိုလည်းသူတို့အားငါ ပေးမည်။
အောင်မြင်သောသူအားငါ၏ဘုရားသခင်ဗိမာန် တော်တွင်မဏ္ဍိုင်သဖွယ်ဖြစ်စေမည်။ သူသည်နောင် ဘယ်အခါမျှဗိမာန်တော်အပြင်သို့ရောက်ရ လိမ့်မည်မဟုတ်။ ကောင်းကင်ဘုံမှငါ၏ဘုရား သခင်ထံတော်မှဆင်းသက်လာသောယေရုရှလင် မြို့သစ်တည်းဟူသော ငါ၏ဘုရားသခင်မြို့ တော်အမည်ကိုလည်းကောင်း၊ ငါ၏ဘုရား သခင်နာမတော်ကိုလည်းကောင်းသူ၏ပေါ် မှာကမ္ပည်းရေးထိုးမည်။ သူ့အပေါ်မှာငါ၏ နာမတော်သစ်ကိုလည်းရေးထိုးမည်။