Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ယော 4:20

Common Language Bible

ဘု​ရား​သ​ခင်​ကို​ချစ်​ပါ​သည်​ဟု​ဆို​လျက် ညီ​အစ်​ကို​ကို​မုန်း​သော​သူ​သည်​လူ​လိမ်​ဖြစ် ၏။ အ​ဘယ်​ကြောင့်​ဆို​သော်​မျက်​စိ​ဖြင့်​မြင်​ရ​သူ ညီ​အစ်​ကို​ကို​မ​ချစ်​နိုင်​သော​သူ​သည် မျက်​စိ ဖြင့်​မ​မြင်​ရ​သည့်​ဘု​ရား​သ​ခင်​ကို​ချစ်​နိုင် မည်​မ​ဟုတ်​သော​ကြောင့်​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​အ​ချင်း​ချင်း​ချစ်​ကြ​လျှင်​လူ​အ​ပေါင်း တို့​သည် ထို​မေတ္တာ​ကို​ထောက်​၍​သင်​တို့​သည်​ငါ ၏​တ​ပည့်​များ​ဖြစ်​ကြောင်း​ကို​သိ​ကြ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။

သင်​တို့​သည်​ခ​ရစ်​တော်​ကို​မ​မြင်​ဘူး​သော် လည်း​ချစ်​ကြ​၏။ ယ​ခု​မ​တွေ့​မ​မြင်​ရ​သော် လည်း​သင်​တို့​သည်​ကိုယ်​တော်​ကို​ယုံ​ကြည် ကြ​၏။ သို့​ဖြစ်​၍​သင်​တို့​သည်​နှုတ်​ဖြင့်​မ​ဖော် ပြ​နိုင်​အောင်​လွန်​စွာ​ဘုန်း​ကြီး​သော​ရွှင်​လန်း ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​၏။-

သို့​ဖြစ်​၍​ငါ​တို့​သည်​ကိုယ်​တော်​နှင့်​မိတ်​သ​ဟာ ယ​ဖွဲ့​ရ​ကြ​လေ​ပြီ​ဟု​ဆို​လျက် အ​မှောင်​တွင် ကျင်​လည်​နေ​ကြ​ပါ​မူ​နှုတ်​အား​ဖြင့်​လည်း ကောင်း၊ အ​ကျင့်​အား​ဖြင့်​လည်း​ကောင်း​လိမ်​လည် သူ​များ​ဖြစ်​ကြ​၏။-

ငါ​တို့​သည်​အ​ပြစ်​သား​များ​မ​ဟုတ်​ဟု​ဆို ပါ​မူ ငါ​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​လှည့်​စား ကြ​၏။ ငါ​တို့​၌​သစ္စာ​တ​ရား​မ​ရှိ။-

သို့​ရာ​တွင်​ညီ​အစ်​ကို​ကို​မုန်း​သော​သူ​သည် ကား​အ​မှောင်​တွင်​ကျင်​လည်​သူ​ဖြစ်​၏။ အ​မှောင် တွင်​ကျင်​လည်​၍​မျက်​စိ​မ​မြင်​နိုင်​သ​ဖြင့်​သူ သည်​မိ​မိ​အ​ဘယ်​အ​ရပ်​သို့​သွား​သည်​ကို​မ​သိ။

ကိုယ်​တော်​ကို​သိ​ပါ​သည်​ဟု​ဆို​ပြီး​လျှင် ပ​ညတ်​တော်​တို့​ကို​မ​စောင့်​ထိန်း​သူ​သည် လူ​လိမ်​ဖြစ်​၍​ထို​သူ​၌​သစ္စာ​တ​ရား​မ​ရှိ။-

အ​လင်း​တွင်​ကျင်​လည်​ပါ​သည်​ဟု​ဆို​လျက် မိ​မိ​၏​ညီ​အစ်​ကို​ကို​မုန်း​သော​သူ​သည် ယ​ခု တိုင်​အောင်​အ​မှောင်​တွင်​ကျင်​လည်​နေ​သေး​သူ ဖြစ်​၏။-

လော​ကီ​စည်း​စိမ်​ဥစ္စာ​ကြွယ်​ဝ​သူ​ဖြစ်​ပါ​လျက် မိ​မိ​၏​ညီ​အစ်​ကို​တစ်​စုံ​တစ်​ယောက်​ချို့​တဲ့​မှု ကို​မြင်​သော​အ​ခါ က​ရု​ဏာ​စိတ်​မ​ရှိ​သူ​တွင် အ​ဘယ်​သို့​လျှင်​ဘု​ရား​သ​ခင်​၏​မေတ္တာ​တော် ကိန်း​အောင်း​နိုင်​မည်​နည်း။-

အ​ဘယ်​သူ​မျှ​ဘု​ရား​သ​ခင်​ကို​မ​တွေ့​မ​မြင် စ​ဖူး။ သို့​ရာ​တွင်​ငါ​တို့​သည်​အ​ချင်း​ချင်း​ချစ် ကြ​ပါ​မူ ဘု​ရား​သ​ခင်​သည်​ငါ​တို့​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​တော်​မူ​လျက် ကိုယ်​တော်​၏ မေတ္တာ​တော်​သည်​ငါ​တို့​၌​ပြည့်​ဝ​စုံ​လင်​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ