Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ယော 3:3

Common Language Bible

ခရစ်​တော်​ကို​အ​မှီ​ပြု​၍​ထို​သို့​မျှော်​လင့် တောင့်​တ​သူ​သည် ခ​ရစ်​တော်​သန့်​ရှင်း​ဖြူ​စင် တော်​မူ​သ​ကဲ့​သို့​မိ​မိ​ကိုယ်​ကို​သန့်​ရှင်း​ဖြူ စင်​စေ​တတ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

စိတ်​နှ​လုံး​ဖြူ​စင်​သူ​တို့​အား​ဖြူ​စင်​သော စိတ်​သ​ဘော​ထား​ကို​လည်း​ကောင်း၊ သူ​ယုတ်​မာ​တို့​အား​ဆန့်​ကျင်​သော စိတ်​သ​ဘော​ထား​ကို​လည်း​ကောင်း​ပြ​တော် မူ​၏။

ကောင်း​ကင်​ဘုံ​ရှင်​သင်​တို့​၏​အ​ဖ​သည်​ကောင်း​မြတ် စုံ​လင်​တော်​မူ​သ​ကဲ့​သို့​သင်​တို့​သည်​လည်း​ကောင်း မြတ်​စုံ​လင်​ကြ​လော့။

သင်​တို့​၏​အ​ဖ​ဘု​ရား​သည်​သ​နား​ကြင်​နာ တော်​မူ​သည်​နည်း​တူ သင်​တို့​သည်​လည်း​သ​နား ကြင်​နာ​ကြ​လော့။

သူ​တို့​သည်​အ​မှု​တော်​ဆောင်​ရန်​အ​တွက်​မိ​မိ တို့​ကိုယ်​ကို​အ​မှန်​ဆက်​ကပ်​သူ​များ​ဖြစ်​လာ ကြ​စေ​ရန် အ​ကျွန်ုပ်​သည်​သူ​တို့​၏​အ​ကျိုး​ကို ထောက်​၍​မိ​မိ​ကိုယ်​ကို​ဆက်​ကပ်​ပါ​၏။''

ကိုယ်​တော်​သည်​သူ​တို့​ကို​ငါ​တို့​နှင့်​ခွဲ​ခြား ခြင်း​ပြု​တော်​မ​မူ။ သူ​တို့​သည်​ကိုယ်​တော်​ကို ယုံ​ကြည်​သ​ဖြင့် သူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ လွှတ်​တော်​မူ​၏။-

တစ်​ဖန်​ဟေ​ရှာ​ယ​က၊ ``ယေ​ရှဲ​၏​သား​မြေး​တစ်​ဦး​သည်​ပေါ်​ထွန်း လာ​လိမ့်​မည်။ သူ​သည်​လူ​မျိုး​ခြား​တို့​ကို​အုပ်​စိုး​တော်​မူ​မည် ဖြစ်​၍၊ ထို​သူ​တို့​သည်​သူ့​ကို​အား​ကိုး​မျှော်​လင့်​ကြ​လိမ့်​မည်'' ဟု​ဖော်​ပြ​၏။-

ချစ်​မိတ်​ဆွေ​တို့၊ ဤ​က​တိ​တော်​များ​ကား​ငါ တို့​၏​အ​တွက်​ဖြစ်​၏။ သို့​ဖြစ်​၍​ငါ​တို့​သည်​မိ​မိ တို့​ကိုယ်​ကို​ကာ​ယ​အ​ညစ်​အ​ကြေး​နှင့်​ဝိ​ညာဉ် အ​ညစ်​အ​ကြေး​ရှိ​သ​မျှ​နှင့်​ကင်း​စင်​စေ​၍ ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​ရို​သေ​ခြင်း​အား ဖြင့် မိ​မိ​တို့​ကိုယ်​ကို​လုံး​ဝ​ဖြူ​စင်​သန့်​ရှင်း​စေ ကြ​ကုန်​အံ့။

သမ္မာ​တ​ရား​တည်း​ဟူ​သော​သ​တင်း​ကောင်း​ကို သင်​တို့​ပ​ထ​မ​ဆုံး​အကြိမ်​ကြား​နာ​ရ​သော အ​ခါ မျှော်​လင့်​ရာ​အ​ကြောင်း​ကို​သင်​တို့​ကြား သိ​ရ​ကြ​၏။ သို့​ဖြစ်​၍​သင်​တို့​၏​ယုံကြည်​ခြင်း နှင့်​ချစ်​ခြင်း​သည်​ကောင်း​ကင်​ဘုံ​၌ သင်​တို့​အ​ဖို့ လုံ​ခြုံ​စွာ​လျာ​ထား​သည့်​မျှော်​လင့်​ရာ​အ​ပေါ် တွင်​မူ​တည်​လျက်​နေ​၏။-

ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​ကိုယ်​တော်​တိုင် သည်​လည်း​ကောင်း၊ ငါ​တို့​ကို​ချစ်​တော်​မူ​၍ ကျေး​ဇူး​တော်​အား​ဖြင့်​ခိုင်​မြဲ​သည့်​မျှော်​လင့် ခြင်း​နှင့်​မြဲ​မြံ​သော​ရဲ​ရင့်​ခြင်း​ကို​ပေး​သ​နား တော်​မူ​သော​ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​သည် လည်း​ကောင်း၊-

ယင်း​သို့​ပြု​တော်​မူ​ခြင်း​မှာ​ငါ​တို့​သည်​ကျေး​ဇူး တော်​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက် ဆံ​မှု​ကို​ရ​ရှိ​ကာ ငါ​တို့​မျှော်​လင့်​တောင့်​တ​သည့် ထာ​ဝ​ရ​အ​သက်​ကို​ခံ​ယူ​ရ​ကြ​စေ​ရန်​ပင် ဖြစ်​ပေ​သည်။-

လူ​တိုင်း​နှင့်​ငြိမ်း​ချမ်း​စွာ​နေ​နိုင်​ရန်​ကြိုး​စား ကြ​လော့။ မြင့်​မြတ်​သန့်​ရှင်း​ခြင်း​ပါ​ရ​မီ​ကို ရှာ​ကြ​လော့။ ထို​ပါ​ရ​မီ​မ​ရှိ​လျှင်​အ​ဘယ် သူ​မျှ​ဘု​ရား​သ​ခင်​ကို​ဖူး​မြင်​ရ​လိမ့်​မည် မ​ဟုတ်။-

ထို့​ကြောင့်​ဘု​ရား​သ​ခင်​၏​က​တိ​တော်​နှင့် ကျိန်​ဆို​တော်​မူ​ခြင်း​တို့​သည် ပြန်​လည်​ရုပ်​သိမ်း ၍​မ​ရ​နိုင်​သော​အ​ရာ​နှစ်​ပါး​ဖြစ်​ကြ​၏။ ထို အ​ရာ​နှစ်​ပါး​နှင့်​ပတ်​သက်​၍​လည်း​ကိုယ်​တော် သည်​မု​သား​စ​ကား​ကို​သုံး​တော်​မ​မူ​နိုင်။ ထို့ ကြောင့်​အ​ထံ​တော်​၌​ခို​လှုံ​လျက်​ရှိ​ကြ​သော ငါ​တို့​သည်​မိ​မိ​တို့​အား​ကိုယ်​တော်​ပေး​တော် မူ​သည့်​မျှော်​လင့်​ချက်​ကို စွဲ​မြဲ​စွာ​ခံ​ယူ ထား​ရန်​စိတ်​အား​တက်​ကြွ​၍​လာ​ကြ​၏။-

သို့​ဖြစ်​၍​သ​ခင်​ယေ​ရှု​သည်​ငါ​တို့​နှင့်​သင့် လျော်​သော​ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​၏။ ကိုယ် တော်​သည်​သန့်​ရှင်း​မြင့်​မြတ်​၍​အ​ပြစ်​ကင်း လွတ်​တော်​မူ​၏။ အ​ပြစ်​ကူး​သူ​တို့​နှင့်​ခွဲ​ခြား လျက်​ကောင်း​ကင်​ဘ​ဝဂ်​တိုင်​အောင်​ချီး​မြှောက် ခြင်း​ကို​ခံ​တော်​မူ​၏။-

ဘု​ရား​သခင်​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​လော့။ သို့​ပြု​လျှင်​ကိုယ်​တော်​သည်​သင်​တို့​ထံ​သို့ ကြွ​လာ​တော်​မူ​သည်။ အ​ပြစ်​ကူး​သူ​တို့၊ သင်​တို့​လက်​များ​ကို​ဆေး​ကြော​ကြ​လော့။ မာ​န​ထောင်​သူ​တို့၊ သင်​တို့​၏​စိတ်​နှ​လုံး​ကို သန့်​ရှင်း​စင်​ကြယ်​စေ​ကြ​လော့။-

သင်​တို့​အား​ရွေး​ကောက်​တော်​မူ​သော​အ​ရှင် သည်​မြင့်​မြတ်​သန့်​ရှင်း​တော်​မူ​၏။ သို့​ဖြစ်​၍ သင်​တို့​ပြု​ကျင့်​သ​မျှ​တို့​သည်​မြင့်​မြတ် သန့်​ရှင်း​ရ​မည်။-

ငါ​တို့​သည်​ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ် ၏​ခ​မည်း​တော်​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို ချီး​ကူး​ကြ​ကုန်​စို့။ ကိုယ်​တော်​သည်​မ​ဟာ က​ရု​ဏာ​တော်​ကြောင့်​သ​ခင်​ယေ​ရှု​ခ​ရစ် ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထြေမာက်​စေ​တော်​မူ ခြင်း​အား​ဖြင့် ငါ​တို့​အား​ဘ​ဝ​သစ်​ကို​ပေး တော်​မူ​သ​ဖြင့်​စိတ်​ချ​ရ​သော​မျှော်​လင့် ခြင်း​ကို​ရ​ရှိ​စေ​တော်​မူ​၏။-

ဤ​နည်း​အား​ဖြင့်​က​တိ​ထား​တော်​မူ​သော​အ​လွန် ကြီး​၍ အ​ဖိုး​ထိုက်​သည့်​ဆု​ကျေး​ဇူး​များ​ကို ကိုယ်​တော်​သည်​ငါ​တို့​အား​ပေး​တော်​မူ​၏။ ထို ဆု​ကျေး​ဇူး​အား​ဖြင့်​သင်​တို့​သည် ဤ​လော​က တွင်​ဖောက်​ပြန်​ပျက်​စီး​တတ်​သော​ကိ​လေ​သာ ဆိုး​ညစ်​မှု​များ​မှ​လွတ်​မြောက်​နိုင်​ကြ​လျက် ဘု​ရား​ဇာ​တိ​တွင်​ပါ​ဝင်​စေ​ရန်​ဖြစ်​၏။-

သို့​ဖြစ်​၍​ချစ်​ဆွေ​တို့၊ သင်​တို့​သည်​ထို​နေ့​ရက် ကို​စောင့်​မျှော်​လျက်​နေ​ကြ​စဉ် ဘု​ရား​သ​ခင် ၏​ရှေ့​တော်​၌​စိတ်​နှ​လုံး​ဖြူ​စင်​သန့်​ရှင်း အ​ပြစ်​ကင်း​စေ​ရန်​လည်း​ကောင်း၊ ကိုယ်​တော် နှင့်​ငြိမ်း​ချမ်း​မှု​ရ​ရှိ​၍​နှစ်​သက်​လက်​ခံ​ဖွယ် ဖြစ်​စေ​ရန်​လည်း​ကောင်း အ​စွမ်း​ကုန်​ကြိုး​စား အား​ထုတ်​ကြ​လော့။-

ငါ​တို့​၌​ကိုယ်​တော်​၏​မေတ္တာ​တော်​ပြည့်​ဝ​စုံ လင်​ခြင်း​အား​ဖြင့် တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့ ၌​ငါ​တို့​သည်​ရဲ​ရင့်​တည်​ကြည်​မှု​ကို​ရ​ရှိ​နိုင် ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​လော​က ၌​ငါ​တို့​သည်​ခ​ရစ်​တော်​နည်း​တူ​အ​သက် ရှင်​ကြ​သော​ကြောင့်​ဖြစ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ