Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ယော 3:15

Common Language Bible

မိ​မိ​၏​ညီ​အစ်​ကို​ကို​မုန်း​သော​သူ​သည်​သူ သတ်​သ​မား​ဖြစ်​၏။ သူ​သတ်​သ​မား​သည် ထာ​ဝ​ရ​အ​သက်​ကို​မ​ရ​ကြောင်း​သင်​တို့ သိ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ယာ​ကုပ်​သည်​ဖခင်​ထံ​မှ​ကောင်းချီး​မင်္ဂလာ​ကို ခံ​ရ​သ​ဖြင့် ဧ​သော​သည်​သူ့​အား​ရန်​ငြိုး​ထား ၏။ ဧ​သော​က``ဖ​ခင်​အ​နိစ္စ​ရောက်​လျှင်​ရောက် ခြင်း​ယာ​ကုပ်​ကို​ငါ​သတ်​ပစ်​မည်'' ဟု​ကြုံး ဝါး​လေ​၏။

သို့​ရာ​တွင်​တပ်​မက်​သော​စိတ်​ဖြင့်​အ​မျိုး​သ​မီး တစ်​ဦး​ကို​ကြည့်​သူ​သည် မိ​မိ​၏​စိတ်​တွင်​ထို​အ​မျိုး သ​မီး​ကို​ပြစ်​မှား​ပြီ​ဟု​သင်​တို့​အား​ငါ​ဆို​၏။-

သို့​ဖြစ်​၍​ဟေ​ရော​ဒိ​သည်​ယော​ဟန်​ကို​ရန်​ငြိုး​ဖွဲ့ ၍​သတ်​လို​၏။ သို့​ရာ​တွင်​သတ်​ရန်​ကား​မ​တတ်​နိုင်။-

ငါ​ပေး​မည့်​ရေ​ကို​သောက်​သူ​မူ​ကား​အ​ဘယ် အ​ခါ​မျှ​ရေ​ငတ်​တော့​မည်​မ​ဟုတ်။ ထို​ရေ​သည် သူ​၏​အ​တွင်း​၌​ထာ​ဝ​စဉ်​စမ်း​ပေါက်​လျက် သူ့ အား​ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ​စေ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

သင်​တို့​၏​အ​ဖ​သည်​မာရ်​နတ်​ဖြစ်​၏။ သို့​ဖြစ်​၍ သင်​တို့​အ​ဖ​၏​အ​လို​သို့​လိုက်​၍​သင်​တို့​ပြု ကြ​၏။ မာရ်​နတ်​သည်​အ​စ​က​ပင်​လျှင်​လူ သတ်​သ​မား​ဖြစ်​၏။ သူ​သည်​သမ္မာ​တ​ရား ကင်း​မဲ့​သူ​ဖြစ်​၍​သမ္မာ​တ​ရား​တွင်​မ​ကျင် လည်၊ လိမ်​လည်​ပြော​ဆို​တတ်​သူ​ဖြစ်​၏။ သူ သည်​ကား​မု​သား​၏​အ​ဖ​ဖြစ်​၍ မိ​မိ​ပင်​ကို ဇာ​တိ​သ​ဘော​အ​ရ​မု​သား​ကို​ပြော​တတ်​၏။-

နောက်​တစ်​နေ့​နံ​နက်​အ​ချိန်​၌​ယု​ဒ​အ​မျိုး​သား အ​ချို့​တို့​သည်​တွေ့​ဆုံ​၍ ``ပေါ​လု​ကို​မ​သတ်​ရ မ​ချင်း​ငါ​တို့​မ​စား​မ​သောက်​ဘဲ​နေ​မည်'' ဟု အ​ဋ္ဌိ​ဋ္ဌာန်​ပြု​ကြ​၏။-

သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဘာ သာ​ရေး​ခေါင်း​ဆောင်​များ​ထံ​သွား​၍ ``အ​ကျွန်ုပ် တို့​သည်​ပေါ​လု​ကို​မ​သတ်​ရ​မ​ချင်း မည်​သည့် အ​ရာ​ကို​မျှ​မ​စား​မ​သောက်​ပါ​ဟု​အ​ဋ္ဌိ​ဋ္ဌာန် ပြု​ထား​ကြ​ပါ​၏။-

``သို့​ရာ​တွင်​လူ​တစ်​ယောက်​သည် ရန်​သူ​ကို​အငြိုး ထား​၍​ချောင်း​မြောင်း​သတ်​ဖြတ်​ပြီး​လျှင် ထို​မြို့ တစ်​မြို့​သို့​ထွက်​ပြေး​ခို​လှုံ​သည့်​အ​ခါ​၌​မူ ကား၊-

ထို​လို​အင်​ဆန္ဒ​သည်​သန္ဓေ​ယူ​ကာ​အ​ပြစ် ဒု​စ​ရိုက်​ကို​ဖွား​မြင်​၏။ အ​ပြစ်​ဒု​စ​ရိုက် သည်​ကြီး​ပြင်း​လာ​သော​အ​ခါ​သေ​ခြင်း ကို​ဖွား​မြင်​လေ​၏။

အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​သည်​သေ​ခြင်း တ​ရား​နှင့်​ကင်း​သော​နိစ္စ​ထာ​ဝ​ရ​အ​ရှင်​၏ သား​သမီး​များ​ဖြစ်​ကြ​ပြီး​အ​သက်​ရှင်​၍ ထာ​ဝ​စဉ်​တည်​သော​နှုတ်​က​ပတ်​တော်​အား ဖြင့်​တစ်​ဖန်​မွေး​ဖွား​လာ​သူ​များ​ဖြစ်​ကြ​ပြီ။

သို့​ရာ​တွင်​ညီ​အစ်​ကို​ကို​မုန်း​သော​သူ​သည် ကား​အ​မှောင်​တွင်​ကျင်​လည်​သူ​ဖြစ်​၏။ အ​မှောင် တွင်​ကျင်​လည်​၍​မျက်​စိ​မ​မြင်​နိုင်​သ​ဖြင့်​သူ သည်​မိ​မိ​အ​ဘယ်​အ​ရပ်​သို့​သွား​သည်​ကို​မ​သိ။

အ​လင်း​တွင်​ကျင်​လည်​ပါ​သည်​ဟု​ဆို​လျက် မိ​မိ​၏​ညီ​အစ်​ကို​ကို​မုန်း​သော​သူ​သည် ယ​ခု တိုင်​အောင်​အ​မှောင်​တွင်​ကျင်​လည်​နေ​သေး​သူ ဖြစ်​၏။-

သို့​ရာ​တွင်​သူ​ရဲ​ဘော​နည်း​သူ၊ သစ္စာ​ဖောက်​သူ၊ စက် ဆုပ်​ရွံ​ရှာ​ဖွယ်​ကောင်း​သူ၊ လူ​သတ်​သူ၊ အ​ကျင့်​ပျက် သူ၊ စုန်း​အ​တတ်​ဖြင့်​ပြု​စား​သူ၊ ရုပ်​တု​ကိုး​ကွယ်​သူ၊ လိမ်​လည်​ပြော​ဆို​သူ​တို့​သည်​ကန့်​မီး​အိုင်​ထဲ​သို့ ရောက်​ရ​ကြ​လိမ့်​မည်။ ဤ​ကား​ဒု​တိ​ယ​သေ​ခြင်း ဖြစ်​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ