Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ယော 3:13

Common Language Bible

သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ လော​က​သား​တို့​သည် သင်​တို့​ကို​မုန်း​ကြ​လျှင်​မ​အံ့​သြ​ကြ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

တရားသောသူသည် မတရားသောသူကို၎င်း၊ မတရားသော သူသည်တရားသဖြင့် ကျင့်သောသူကို၎င်း၊ စက်ဆုပ်ရွံရှာ တတ်၏။

ကျေးရွာ၌ ဆင်းရဲသားတို့ကို ညှဉ်းဆဲခြင်း၊ တရားလမ်းမှလွှဲ၍၊ မတရားသဖြင့် အနိုင်အထက်စီရင် စီရင်ဆုံးဖြတ်ခြင်းအမှုကိုမြင်လျှင်၊ ထိုသို့သောအကြံရှိ သည်ကို အံ့ဩခြင်းမရှိနှင့်။ ကြီးမြင့်သောသူတယောက်ကို တယောက် ကြည့်မှတ်သကဲ့သို့၊ အကြီးဆုံး၊ အမြင့်ဆုံး သောသူသည် ကြည့်မှတ်လျက်ရှိတော်မူ၏။

သင်​တို့​သည်​ငါ​၏​အ​တွက်​ကြောင့်​အ​မုန်း​ခံ​ရ​ကြ လိမ့်​မည်။ သို့​ရာ​တွင်​အ​ဆုံး​တိုင်​အောင်​တည်​ကြည် သူ​ကို​ကယ်​တင်​တော်​မူ​လိမ့်​မည်။-

``ထို​နောက်​လူ​တို့​သည်​သင်​တို့​အား​အ​ပြစ်​ဒဏ် ခံ​ရ​ကြ​စေ​ရန်​နှင့်​အ​သတ်​ခံ​ရ​ကြ​စေ​ရန် အာ​ဏာ​ပိုင်​တို့​ထံ​သို့​ပေး​အပ်​ကြ​လိမ့်​မည်။ လူ​ခပ်​သိမ်း​တို့​သည်​ငါ​၏​နာ​မ​ကြောင့်​သင် တို့​ကို​မုန်း​ကြ​လိမ့်​မည်။-

ငါ​၏​အ​တွက်​ကြောင့်​လူ​တိုင်း​ပင်​သင်​တို့​ကို​မုန်း လိမ့်​မည်။ သို့​ရာ​တွင်​အ​ဆုံး​တိုင်​အောင်​တည်​ကြည် သော​သူ​သည်​ကယ်​တင်​ခြင်း​ကို​ခံ​ရ​လတ္တံ့။''

ငါ​၏​နာ​မ​ကြောင့်​သင်​တို့​ကို​လူ​အ​ပေါင်း​တို့ မုန်း​ကြ​လိမ့်​မည်။-

``လူ​သား​ကြောင့်​သင်​တို့​ကို​လူ​များ​မုန်း​ကြ​သော အ​ခါ​၌​လည်း​ကောင်း၊ ပစ်​ပယ်​ကြ​သော​အ​ခါ​၌ လည်း​ကောင်း၊ သင်​တို့​၏​ဂုဏ်​အ​သ​ရေ​ကို​ရှုတ်​ချ ကြ​သော​အ​ခါ​၌​လည်း​ကောင်း​သင်​တို့​သည်​မင်္ဂလာ ရှိ​ကြ​၏။-

သင်​တို့​သည်​တ​ရား​ဇ​ရပ်​များ​မှ​နှင်​ထုတ်​ခြင်း ခံ​ရ​လိမ့်​မည်။ သင်​တို့​ကို​သတ်​ဖြတ်​ခြင်း​သည် ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​ခြင်း ပင်​ဖြစ်​သည်​ဟု လူ​တို့​ထင်​မှတ်​သည့်​အ​ချိန် ကာ​လ​မု​ချ​ကျ​ရောက်​ပေ​အံ့။-

သင်​တို့​သည်​လော​က​တွင်​ဆင်း​ရဲ​ဒုက္ခ​နှင့်​တွေ့ ကြုံ​ရ​လိမ့်​မည်။ သို့​ရာ​တွင်​အား​မ​ငယ်​ကြ​နှင့်။ ငါ​သည်​လော​က​ကို​အောင်​ပြီ'' ဟု​မိန့်​တော် မူ​၏။

ကိုယ်​တော်​၏​နှုတ်​က​ပတ်​တ​ရား​တော်​ကို​သူ တို့​အား​အ​ကျွန်ုပ်​ပေး​ပါ​၏။ အ​ကျွန်ုပ်​သည် လော​က​နှင့်​မ​သက်​ဆိုင်​သ​ကဲ့​သို့​သူ​တို့​သည် လည်း​မ​သက်​ဆိုင်​ကြ​ပါ။ သို့​ဖြစ်​၍​လော​က သား​တို့​သည်​သူ​တို့​ကို​မုန်း​ကြ​ပါ​၏။-

တစ်​ဖန်​မွေး​ဖွား​ခြင်း​ကို​ခံ​ရ​ကြ​မည်​ဟု​ငါ ဆို​သည်​ကို​မ​အံ့​သြ​နှင့်။-

ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​သည်​သင်​တို့​ကို​မ​မုန်း​နိုင်။ ငါ့​ကို​မူ​ကား​မုန်း​ကြ​၏။ ယင်း​သို့​မုန်း​ကြ​ခြင်း မှာ​ငါ​သည်​သူ​တို့​၏​ဆိုး​ညစ်​သော​အ​ကျင့် များ​ကို​ထုတ်​ဖော်​ပြော​ဆို​သော​ကြောင့်​ဖြစ်​၏။-

ပေ​တ​ရု​သည်​လူ​တို့​ကို​မြင်​လျှင်``ဣ​သ​ရေ​လ အ​မျိုး​သား​တို့၊ အ​ဘယ်​ကြောင့်​ငါ​တို့​ကို​စူး စိုက်​၍​ကြည့်​နေ​ကြ​သ​နည်း။ ငါ​တို့​၏​တန်​ခိုး၊ ငါ​တို့​၏​အ​ကျင့်​သီ​လ​အား​ဖြင့် ဤ​သူ​ကို လမ်း​လျှောက်​စေ​နိုင်​သည်​ဟု​ထင်​မှတ်​ကြ​သ​လော။-

ဇာ​တိ​သ​ဘော​ဆိုင်​ရာ​အ​ရာ​များ​ကို​စိတ်​စွဲ လမ်း​သူ​သည် ဘု​ရား​သ​ခင်​အား​ရန်​ဖက်​ပြု​သူ ဖြစ်​၏။ ထို​သို့​စိတ်​စွဲ​လမ်း​သူ​သည်​ဘု​ရား​သ​ခင် ၏​တ​ရား​တော်​ကို​မ​လိုက်​လျှောက်။ အ​ကယ်​ပင် မ​လိုက်​လျှောက်​နိုင်။-

ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက် ဘု​ရား​ဝတ်​၌​မွေ့​လျော်​လို​သူ​တိုင်း​နှိပ်​စက် ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။-

သင်​တို့​သည်​သစ္စာ​မဲ့​သူ​များ​ပါ​တ​ကား။ လော​က နှင့်​မိတ်​ဖွဲ့​သော​သူ​တို့​သည်​ဘု​ရား​သ​ခင်​အား ရန်​ဘက်​ပြု​သူ​များ​ဖြစ်​သည်​ကို သင်​တို့​မ​သိ နား​မ​လည်​ကြ​သ​လော။ လော​က​၏​မိတ်​ဆွေ ဖြစ်​လို​သူ​သည်​ဘု​ရား​သ​ခင်​၏​ရန်​သူ​ဖြစ်​၏။-

ကောင်း​ကင်​တ​မန်​က​အ​ဘယ်​ကြောင့်​အံ့​သြ သ​နည်း။ ထို​အ​မျိုး​သ​မီး​၏​လျှို့​ဝှက်​သည့် အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​လည်း​ကောင်း၊ သူ​ထိုင်​နေ သော​ဦး​ခေါင်း​ခု​နစ်​လုံး​နှင့်​ဦး​ချို​ဆယ်​ချောင်း ရှိ​သည့်​သား​ရဲ​၏​လျှို့​ဝှက်​သည့်​အ​နက်​အ​ဋ္ဌိပ္ပါယ် ကို​လည်း​ကောင်း​ငါ​ပြော​ပြ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ