၁ ယော 2:18Common Language Bibleသားသမီးတို့၊ အဆုံးစွန်သောကာလသည် ယခုနီးလာလေပြီ။ ခရစ်တော်၏ရန်သူပေါ် ပေါက်လာမည်ဖြစ်ကြောင်းကိုသင်တို့ကြားသိ ခဲ့ကြ၏။ ယခုပင်လျှင်ခရစ်တော်၏ရန်သူ အများအပြားပေါ်ပေါက်လျက်ရှိလေပြီ။ ဤ အချက်ကိုထောက်၍အဆုံးစွန်သောကာလ ရောက်လာကြောင်းကိုငါတို့သိရကြ၏။- အခန်းကိုကြည့်ပါ။ |
သင်တို့သည်မိမိတို့အိပ်ရာမှနိုးထကြရမည့် နေ့ရက်ရောက်ရှိနေပြီဖြစ်ကြောင်းကိုသိသဖြင့် မေတ္တာတရားကိုကျင့်သုံးကြရမည်။ အဘယ် ကြောင့်ဆိုသော်ငါတို့ကယ်တင်ခြင်းခံရမည့် နေ့ရက်ကာလသည် သခင်ယေရှုကိုငါတို့ စတင်ယုံကြည်ချိန်ကထက်ပို၍နီးကပ် လာပြီဖြစ်သောကြောင့်တည်း။-
ဣသရေလလူမျိုးတွင်မိစ္ဆာပရောဖက်များ ပေါ်ပေါက်ခဲ့သည်နည်းတူ သင်တို့တွင်လည်း မိစ္ဆာဆရာများပေါ်ပေါက်လာကြလိမ့်မည်။ သူ တို့သည်အကျိုးယုတ်စေသောမှားယွင်းသည့် အယူဝါဒများကိုသင်တို့ထံသို့ယူဆောင် လာပြီးလျှင် မိမိတို့အားရွေးနှုတ်ကယ်တင် တော်မူသောအရှင်ကိုပင်လျှင်ပစ်ပယ်ကြ လိမ့်မည်။ ဤနည်းအားဖြင့်သူတို့သည်မိမိ တို့အပေါ်တွင် ပျက်စီးခြင်းဘေးလျင်မြန် စွာရောက်စေကြလိမ့်မည်။-
ချစ်ဆွေတို့၊ ဝိညာဉ်တော်ခံယူရရှိသည်ဟု ဆိုသူတိုင်းကိုမယုံကြနှင့်။ သူတို့ခံယူရရှိ သည်ဆိုသောဝိညာဉ်တော်သည် ဘုရားသခင် ၏ထံတော်မှဆင်းသက်လာသည့်ဝိညာဉ်တော် ဟုတ်မဟုတ်စစ်ဆေးကြည့်ရှုကြလော့။ အဘယ် ကြောင့်ဆိုသော်မိစ္ဆာပရောဖက်များသည် နေရာ တကာသို့ရောက်ရှိနေကြသောကြောင့်ဖြစ်၏။-
ယင်းသို့ဝန်မခံသူသည်ကား ဘုရားသခင် ထံတော်မှဆင်းသက်လာသည့်ဝိညာဉ်တော်ကို ခံယူရရှိသူမဟုတ်။ ထိုသူတွင်ကိန်းအောင်း သည့်ဝိညာဉ်မှာ ခရစ်တော်၏ရန်သူဖြစ်၏။ ခရစ်တော်၏ရန်သူဝိညာဉ်သည် ဤလောက သို့ရောက်ရှိလာမည်ဖြစ်ကြောင်း၊ သင်တို့ကြား သိခဲ့ကြ၏။ သူသည်ယခုပင်လျှင်ရောက်ရှိ လျက်နေလေပြီ။