၁ ယော 2:16Common Language Bibleကာယတပ်မက်စွဲလန်းသောအရာများ၊ မျက်စိ ဖြင့်မြင်၍လိုချင်တပ်မက်သောအရာများ၊ ဂုဏ် ယူဝါကြွားစရာများအစရှိသောလောကီ အရာရှိသမျှတို့သည်ခမည်းတော်နှင့် မသက်ဆိုင်။ လောကနှင့်သာသက်ဆိုင်၏။- အခန်းကိုကြည့်ပါ။ |
ဤသာဋ္ဌကကားဆိုးညစ်မှုများကိုထိုသူတို့ ပြုလုပ်လိုသကဲ့သို့ ငါတို့မပြုလုပ်ကြစေရန် လည်းကောင်း၊ ကျမ်းစာတော်တွင် ``လူတို့သည်ထိုင် ၍စားသောက်ကြပြီးနောက်အသောက်ကြူးလျက် မြူးတူးပျော်ပါးကြ၏'' ဟုပါရှိသည်နှင့် အညီ၊ အချို့တို့သည်ရုပ်တုကိုပူဇော်ပသ ကြသကဲ့သို့ ငါတို့မပူဇော်မပသကြ စေရန်လည်းကောင်းသတိပေးခြင်းပင်ဖြစ်၏။-
အဘယ်ကြောင့်ဆိုသော်လူ့ဇာတိအလိုသည် ဝိညာဉ်တော်အလိုနှင့်ဆန့်ကျင်လျက်နေ၍ ဝိညာဉ်တော်အလိုသည်လည်း လူ့ဇာတိအလို နှင့်ဆန့်ကျင်လျက်နေသောကြောင့်ဖြစ်၏။ လူ့ ဇာတိသဘောနှင့်ဝိညာဉ်တော်သည်ရန်သူ များဖြစ်ကြ၏။ သို့ဖြစ်၍သင်တို့သည်မိမိ တို့အလိုဆန္ဒရှိသည်အတိုင်းမပြုနိုင်ကြ။-
ငါတို့သည်မိမိတို့၏ကြီးမြတ်သည့်ဘုရား သခင်တည်းဟူသော ကယ်တင်ရှင်ယေရှုခရစ် ၏ဘုန်းအသရေတော်ထင်ရှားပေါ်ထွန်းမည့် မင်္ဂလာနေ့မြတ်ကိုစောင့်မျှော်ကာ ဘုရားမဲ့ တရားမဲ့ပြုကျင့်ခြင်းနှင့်လောကရမ္မက်ဆန္ဒ တို့ကိုစွန့်ပစ်ကြရန်လည်းကောင်း၊ ဣန္ဒြေစောင့် စည်းခြင်း၊ ရိုးသားဖြောင့်မတ်ခြင်းဘုရား ဝတ်၌မွေ့လျော်ခြင်းတို့ဖြင့်ဤလောက၌ အသက်ရှင်ကြစေရန်လည်းကောင်း ထို ကျေးဇူးတော်ကငါတို့အားဆုံးမ သွန်သင်လျက်ရှိ၏။-
အခါတစ်ပါးကငါတို့ကိုယ်တိုင်ပင်လျှင် မိုက်မဲ၍ မနာခံဘဲလမ်းမှားလျက်နေခဲ့ ကြ၏။ ရမ္မက်ဆန္ဒနှင့်အမျိုးမျိုးသောအပျော် အပါးလိုက်စားမှုများ၏ကျွန်ဖြစ်ခဲ့ကြ၏။ ငါတို့၌အမြဲပင်မနာလိုသောသဘော၊ ငြူ စူသောသဘောရှိခဲ့ကြ၏။ သူတစ်ပါးတို့ သည်ငါတို့ကိုမုန်းကြ၏။ ငါတို့ကလည်း သူတို့ကိုမုန်းကြ၏။-
အကျွန်ုပ်တို့သိမ်းယူခဲ့သောပစ္စည်းများထဲ တွင်လှပသောဗာဗုလုန်ဝတ်ရုံ၊ ငွေချိန်ငါး ပေါင်ခန့်နှင့်အချိန်တစ်ပေါင်ကျော်ခန့်ရှိ သောရွှေချောင်းကိုတွေ့ရ၍ လိုချင်မက်မော လှသဖြင့်ယူမိပါသည်။ အကျွန်ုပ်၏တဲထဲ တွင်ငွေကိုအောက်ဆုံး၌ထား၍မြှုပ်ထား ပါသည်'' ဟုယောရှုအားလျှောက်ထားလေ၏။