Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ယော 2:10

Common Language Bible

ညီ​အစ်​ကို​ကို​ချစ်​သော​သူ​သည်​အ​လင်း​တွင် ကျင်​လည်​သော​သူ​ဖြစ်​၏။ သူ​သည်​အ​ဘယ်​သို့ မျှ​သူ​တစ်​ပါး​တို့​အား​အ​ပြစ်​ကူး​လွန်​စေ လိမ့်​မည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို​နှစ်​သက် မြတ်နိုး​သူ​မား​သည် ကြီး​စွာ​သော​စိတ်​ခမ်း​သာ​မှု​ကို​ရ​ရှိ​ကြ​ပါ​၏။ အ​ဘယ်​အ​ရာ​မှ​သူ​တို့​အား​ပြို​လဲ​စေ​နိုင်​လိမ့်​မည် မ​ဟုတ်​ပါ။

ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​သိ​ကျွမ်း ရန်​ကြိုး​စား​အား​ထုတ်​ကြ​ကုန်​အံ့။ နံ​နက် အ​ရုဏ်​တက်​မြဲ​တက်​သ​ကဲ့​သို့​လည်း​ကောင်း၊ မိုး​ရာ​သီ​တွင်​မြေ​ကြီး​ပေါ်​သို့​မိုး​ရွာ​မြဲ ရွာ​သ​ကဲ့​သို့​လည်း​ကောင်း ကိုယ်​တော်​သည် ငါ​တို့​ထံ​သို့​မု​ချ​ကြွ​လာ​တော်​မူ​မည်'' ဟု​ဆို​ကြ​၏။

သို့​သော်​တ​ရား​တော်​သည်​သူ​တို့​၏​စိတ်​နှ​လုံး​တွင် အ​မြစ်​မ​စွဲ။ ကာ​လ​အ​နည်း​ငယ်​သာ​တည်​နေ​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​တ​ရား​တော်​ကြောင့်​ဒုက္ခ​နှင့် နှိပ်​စက်​ညှဉ်း​ပန်း​မှု​ကို​တွေ့​ကြုံ​ရ​သော​အ​ခါ ချက်​ချင်း​ပင်​ဖောက်​ပြန်​သွား​ကြ​၏။-

လူ​သား​တို့​အား​ယုံ​ကြည်​ခြင်း​ပျက်​ပြယ်​စေ သော​အ​ရာ​များ​ရှိ​သည့်​အ​တွက်​လူ​သား​တို့ သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ ယုံ​ကြည်​ခြင်း​ကို​ပျက် ပြယ်​စေ​သော​အ​ရာ​များ​ကား​မု​ချ​ရှိ​မည်။ သို့ ရာ​တွင်​ယုံ​ကြည်​ခြင်း​ပျက်​ပြယ်​မှု​ကို​ဖြစ် စေ​သော​သူ​သည်​အ​မင်္ဂလာ​ရှိ​၏။

ကိုယ်​တော်​က ``တစ်​နေ့​တွင်​တစ်​ဆယ့်​နှစ်​နာ​ရီ​ရှိ သည်​မ​ဟုတ်​လော။ နေ့​အ​ချိန်​၌​သွား​လာ​သူ သည်​နေ​၏​အ​လင်း​ရောင်​ကို​မြင်​ရ​သ​ဖြင့် ခ​လုတ်​မ​ထိ​ဘဲ​ကောင်း​စွာ​သွား​လာ​နိုင်​၏။-

သ​ခင်​ယေ​ရှု​က​လည်း ``အ​လင်း​သည်​သင်​တို့ တွင်​ခ​ဏ​သာ​ရှိ​ပေ​တော့​မည်။ သင်​တို့​အား အ​မှောင်​မ​ဖုံး​လွှမ်း​စေ​ရန် အ​လင်း​ရှိ​စဉ်​အ​ခါ သွား​လာ​ကြ​လော့။ အ​မှောင်​တွင်​သွား​လာ​သူ သည်​မိ​မိ​အ​ဘယ်​အ​ရပ်​သို့​သွား​လာ​သည် ကို​မ​သိ။-

သ​ခင်​ယေ​ရှု​သည်​ယုံ​ကြည်​သူ​တို့​အား ``သင် တို့​သည်​ငါ​ဟော​ပြော​သွန်​သင်​သည်​အ​တိုင်း​ပြု ကျင့်​ကြ​လျှင် ငါ​၏​တ​ပည့်​အ​မှန်​ဖြစ်​ကြ​၏။-

ထို့​ကြောင့်​ငါ​တို့​သည်​အ​ချင်း​ချင်း​အား စစ်​ကြော​စီ​ရင်​မှု​မ​ပြု​ဘဲ​နေ​ကြ​ကုန်​အံ့။ ညီ​အစ်​ကို​ချင်း​တို့​အား​တိုက်​လဲ​မှောက်​မှား​စေ မည့်​အ​ပြု​အ​မူ​များ​ကို​ရှောင်​ကြဉ်​ကြ​ကုန် အံ့။-

သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ သင်​တို့​ကို​ဘု​ရား​သ​ခင် ခေါ်​ယူ​ရွေး​ချယ်​တော်​မူ​ခြင်း​ကို​တည်​မြဲ​စေ​ရန် ပို​၍​ပင်​ကြိုး​စား​ကြ​ပါ​မူ​သင်​တို့​သည်​အ​ဘယ် အ​ခါ​မျှ မိ​မိ​တို့​၏​ယုံ​ကြည်​ခြင်း​ကို​စွန့်​လွှတ် ကြ​လိမ့်​မည်​မ​ဟုတ်။-

သို့​ရာ​တွင်​ညီ​အစ်​ကို​ကို​မုန်း​သော​သူ​သည် ကား​အ​မှောင်​တွင်​ကျင်​လည်​သူ​ဖြစ်​၏။ အ​မှောင် တွင်​ကျင်​လည်​၍​မျက်​စိ​မ​မြင်​နိုင်​သ​ဖြင့်​သူ သည်​မိ​မိ​အ​ဘယ်​အ​ရပ်​သို့​သွား​သည်​ကို​မ​သိ။

ငါ​တို့​သည်​မိ​မိ​တို့​၏​ညီ​အစ်​ကို​များ​ကို​ချစ် သည့်​အ​တွက်​ကြောင့် သေ​ခြင်း​မှ​အ​သက်​ရှင်​ခြင်း သို့​ကူး​မြောက်​ခဲ့​ရ​ကြ​ကြောင်း​ကို​ငါ​တို့​သိ ကြ​၏။ မိ​မိ​၏​ညီ​အစ်​ကို​ကို​မ​ချစ်​သော​သူ သည်​သူ​သေ​ဘ​ဝ​၌​ပင်​ရှိ​နေ​သေး​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ