သင်တို့သည်မညည်းမညူဘဲအချင်းချင်း အားကျေပွန်စွာဧည့်ဝတ်ပြုကြလော့။-
သူ့အားရေတိုက်ပြီးသောအခါမိန်းမပျိုက``သင် ၏ကုလားအုတ်များရေဝအောင်သောက်နိုင်ရန် ကျွန်မရေခပ်ပေးပါဦးမည်'' ဟုဆိုလေသည်။-
ဆင်းရဲသောတပည့်တော်တို့အားပေးကမ်း ကြလော့။ ဧည့်သည်ဝတ်ကိုပြုကြလော့။
ငါ့အားဧည့်ဝတ်ပြုသူ၊ အသင်းတော်ဝင်အပေါင်း တို့ဝတ်ပြုရာအိမ်ရှင်ဂါယုကလည်းသင်တို့အား နှုတ်ဆက်လိုက်၏။ မြို့တော်ဘဏ္ဍာထိန်းဧရတ္တုက လည်းကောင်း၊ ငါတို့၏ညီအစ်ကိုကွာတုက လည်းကောင်းသင်တို့အားနှုတ်ဆက်လိုက်၏။-
လူတိုင်းပင်မိမိ၏စေတနာစိတ်ပြဋ္ဌာန်း သည်အတိုင်းပေးလှူရ၏။ နှမြောသောစိတ် နှင့်သော်လည်းကောင်း၊ ပေးလှူရန်တာဝန် ဝတ္တရားရှိသည်ဟူသောစိတ်ဖြင့်သော်လည်း ကောင်းမပေးမလှူအပ်။ ဘုရားသခင်သည် စေတနာနှင့်ပေးလှူတတ်သောသူကို နှစ်သက်တော်မူ၏။-
သင်တို့လုပ်ဆောင်စရာရှိသမျှတို့ကိုမညည်း မတွား၊ မငြင်းမခုံဘဲလုပ်ဆောင်ကြလော့။-
အသင်းတော်ကိုခေါင်းဆောင်သူသည်အပြစ် ဆိုဖွယ်မရှိသူဖြစ်ရမည်။ ထိုသူ၌ဇနီး တစ်ယောက်သာရှိရမည်။ သူသည်သမ္မာသတိ ရှိသူ၊ ဣန္ဒြေစောင့်စည်းသူ၊ လျောက်ပတ်စွာနေထိုင် ကျင့်ကြံသူဖြစ်ရမည်။ ဧည့်ဝတ်ကျေပွန်သူ ဖြစ်ရမည်။ သင်ကြားတတ်သူဖြစ်ရမည်။-
ဧည့်သည်ဝတ်ကိုပြုတတ်သူ၊ ကောင်းမြတ်သည့် အရာကိုနှစ်သက်တတ်သူဖြစ်ရမည်။ သူသည် မိမိကိုယ်ကိုထိန်းချုပ်နိုင်ရမည်။ ဖြောင့်မတ် ရမည်။ ဘုရားတရားကိုရိုသေကိုင်းရှိုင်းရမည်။ စည်းကမ်းသေဝပ်ရမည်။-
သို့ရာတွင်သင်၏သဘောတူညီချက်မရရှိ ဘဲအဘယ်အမှုကိုမျှငါမပြုလိုပါ။ ငါ့ကို ကူညီမစစေရန်သင့်အားအနိုင်အထက် မပြုလိုပါ။ သင်၏စေတနာအလျောက်သာ လျှင်မစစေလိုပါ၏။
သင်တို့သည်အချင်းချင်းအားကျေးဇူးပြု ရန်နှင့်ကူညီမစရန်မမေ့ကြနှင့်။ ထိုသို့ သောယဇ်များကိုဘုရားသခင်နှစ်သက် တော်မူ၏။
ဧည့်သည်ဝတ်ကိုပြုရန်မမေ့ကြနှင့်။ ယင်း သို့ဧည့်ဝတ်ကိုပြုသောသူအချို့တို့သည် ကောင်းကင်တမန်များကိုအမှတ်မထင် ဧည့်ခံခဲ့ကြပေသည်။-
ညီအစ်ကိုတို့၊ သင်တို့ကိုယ်တိုင်ဘုရားသခင်၏ စစ်ကြောစီရင်ခြင်းနှင့်ကင်းလွတ်မည်အကြောင်း အချင်းချင်းတစ်ယောက်ကိုတစ်ယောက်အပြစ် မတင်ကြနှင့်။ တရားစီရင်တော်မူသောအရှင် သည်ဤအရပ်သို့ရောက်ရှိကာတံခါးဝ၌ ရပ်လျက်နေတော်မူလေပြီ။-